ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဘုရားအမှတ် (၁၄၆၇) လောကဥသျှောင်ဘုရား အရှေ့ဘက်အဝင်မုခ် တောင်ဘက်ခြမ်းစိုင်ပေါင်မှ အုတ်ချပ်များကွာကျမှုဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဘုရားအမှတ် (၁၄၆၇) လောကဥသျှောင်ဘုရား အရှေ့ဘက်အဝင်မုခ် တောင်ဘက်ခြမ်းစိုင်ပေါင်မှ အုတ်ချပ်များကွာကျမှုဖြစ်

 



MNP - စက်တင်ဘာ   ၁၄


မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေရှိ ဘုရားအမှတ် (၁၄၆၇) လောကဥသျှောင်ဘုရား အရှေ့ ဘက်မုခ်အဝင် တောင်ဘက်ခြမ်း စိုင်ပေါင်မှ အုတ်ချပ်ကွာကျမှု စက်တင်ဘာ ၁၁ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၂၀ ခန့်က အုတ်ချပ်များကွာကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။


ဘုရားအမှတ် (၁၄၆၇) လောကဥသျှောင်ဘုရားသည် တောင်ဘီကျေးရွာ အနီးတွင်ရှိပြီး စက်တင်ဘာ ၉ ၊ ၁၀၊ ၁၁ ရက်တို့တွင် ညောင်ဦးမြို့နယ်အတွင်း မိုးရွာသွန်းမှုများခဲ့ရာ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇေယျာလွင်၊ ပုဂံနယ်မြေရဲစခန်းမှ ဒုရဲအုပ်နေထက်ဝင်း၊ တောင်ဘီကျေးရွာ အုပ်ချုပ်ရေးမှူးတို့သည် မိုးရွာသွန်းမှုကြောင့် ရှေးဟောင်းစေတီ၊ ပုထိုး၊ အုတ်အဆောက်အအုံများ ပျက်စီးမှု ရှိ/မရှိ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ရာ တောင်ဘီကျေးရွာ အနီးရှိ ဘုရားအမှတ် (၁၄၆၇) လောကဥသျှောင်ဘုရားအရှေ့ဘက်မုခ် တောင်ဘက်ခြမ်း စိုင်ပေါင်မှ အလျား ၁ ပေ ၉ လက်မ၊ အနံ ၁ ပေ ၉ လက်မခန့်၊ အမြင့် ၄ ပေခန့်၊ ထု ၁ ပေခန့် ပျက်စီးကွာကျခဲ့ကြောင်းသိရပြီး ရှေးမူမပျက် ပြန်လည်ပြုပြင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ရှေးဟောင်းသုတေသနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)ထံမှ သိရသည်။


သတင်း - ကိုကြေးမုံ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)