ဂွမြို့တွင်မြေပြင်အိမ်ထောင်စုလူဦးရေစာရင်းများ ကွင်းဆင်းကောက်ခံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့တွင်မြေပြင်အိမ်ထောင်စုလူဦးရေစာရင်းများ ကွင်းဆင်းကောက်ခံ



MNP - စက်တင်ဘာ   ၂၇


ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့တွင် မြေပြင်အိမ်ထောင်စုလူဦးရေစာရင်းများ ကွင်းဆင်းကောက်ခံခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် တာဝန်ရှိသူတို့ပူးပေါင်း၍ ယမန်နေ့၊ နံနက်ပိုင်းက  တင်းတောကျေးရွာအုပ်စုအတွင်းရှိ တင်းတောကျေးရွာတွင် တစ်အိမ်ဝင်/ထွက် စနစ်ဖြင့် ကွင်းဆင်းကောက်ခံလျက်ရှိသည်။


ထိုသို့ကွင်းဆင်းကောက်ခံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှတာဝန်ရှိသူများက တင်းတောကျေးရွာအုပ်စုအတွင်းရှိ တင်းတောကျေးရွာတွင် တစ်အိမ်ဝင်/ထွက် စနစ်ဖြင့် မြေပြင်အိမ်ထောင်စုလူဦးရေစာရင်းများ မှန်ကန်မှုရှိစေရေးအတွက် မြေပြင်အိမ်ထောင်စုလူဦးရေ စာရင်းများ ကွင်းဆင်းကောက်ခံခဲ့ကြောင်း သိရသည်။


ဂွမြို့နယ်တွင် မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်း ရှေ့ပြေးလုပ်ငန်းစီမံချက် (Pilot Project) အနေဖြင့် ဆောင်ရွက်ရန် မြို့ပေါ်ရပ်ကွက်(၃)ခု၊ တင်းတောကျေးရွာအုပ်စု၊ ရဟိုင်ဖျားကျေးရွာအုပ်စု စသည့်(၅)နေရာနှင့် ကျိန္တလီမြို့တွင် မြို့ပေါ်ရပ်ကွက်(၃) ခုစုစုပေါင်း (၈)နေရာတွင် ဆောင်ရွက်ရန် နေ့ရက်များအလိုက် သတ်မှတ် ဆောင်ရွက်ထားကြောင်း သိရသည်။


သတင်း - ရွှေရည်ဝင်းကျော် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)