ကြံခင်းမြို့နယ်တွင် အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြံခင်းမြို့နယ်တွင် အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး



MNP - စက်တင်ဘာ   ၇


ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ ရွာသစ်ရပ်ကွက်နေ ပြည်သူများအား အခြေခံစားသောက် ကုန် ဆန်၊ ဆီ၊ ကြက်ဥများကို ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းဖြင့် ယမန်နေ့ နံနက်က ရွာသစ် ရပ်ကွက်၊ ဘူတာလမ်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း များက သွားရောက်ရောင်းချပေးခဲ့ကြသည်။


ထိုသို့ အခြေခံစားသောက်ကုန် ရောင်းချပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်၊ မြို့နယ်ဌာန ဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့များ၊ မြို့နယ် အတွင်းရှိ လုပ်ငန်းရှင်များ စုပေါင်းထည့်ဝင်လှူဒါန်းမှုဖြင့် အခြေခံစားသောက်ကုန် များဖြစ်သော မနောသုခဆန် နှစ်ပြည်(၃၀၀၀)ကျပ်နှုန်း၊ ဆီငါးဆယ်သား တစ်ဘူး(၂၅၀၀)ကျပ်နှုန်း၊ ကြက်ဥ (၆)လုံး(၁၀၂၀) ကျပ်နှုန်း၊ ဆားငါးဆယ်သား(၂၅၀)ကျပ်နှုန်း၊ ဟင်းရွက်တစ်စီး(၃၀)ကျပ်နှုန်းဖြင့် စုစုပေါင်း(၆၈၀၀)ကျပ်ဖိုး ရောင်းချပေး ကြောင်း သိရသည်။


ကြံခင်းမြို့နယ်အတွင်းရှိ ကျန်ရှိနေသော မြို့ပေါ်ရပ်ကွက်နေ ဆင်းရဲနွမ်းပါး အိမ်ထောင်စုများကိုလည်း အခြေခံ စားသောက်ကုန်များကို ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)