MNP - စက်တင်ဘာ ၁
မကွေးတိုင်းဒေသကြီး သရက်ခရိုင်ကံမမြို့နယ်တွင် မိုးရာသီကာလ တောင်သူများ စိုက်ပျိုး ထုတ်လုပ်မှု အဆင်ပြေစေရန် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကို မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၅၂) အုပ်စုမှ ဘဏ်အဖွဲ့ဝင် တောင်သူများအနက် ဖရုံလှကျေးရွာအုပ်စုမှ တောင်သူများအား ယနေ့ထုတ်ချေးပေးလျက်ရှိရာ စုစုပေါင်း ကျေးရွာအုပ်စု (၄၇) အုပ်စုမှ တောင်သူများအား ထုတ်ချေးပေးပြီးဖြစ်၍ (၉၀) ရာခိုင်နှုန်း ထုတ်ချေးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ထိုသို့ထုတ်ပေးရာတွင် မိုးစပါးစိုက်ပျိုးမြေ တစ်ဧကလျှင် ငွေကျပ်တစ်သိန်း ငါးသောင်းကျပ်နှုန်း နှမ်း၊ ပဲတီစိမ်း အစရှိသည့် အခြားသီးနှံစိုက်ဧက တစ်ဧကလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် ယနေ့အထိ ကျေးရွာအုပ်စု (၄၇) အုပ်စုမှ တောင်သူ(၄၈၁၁)ဦး၏ မိုးစပါးစိုက်ဧက (၁၃၁၂၇) ဧကနှင့် အခြားသီးနှံ (၇၈၆) ဧကတို့အတွက် ငွေကျပ် (၂၀၄၇၆.၅၀) သိန်းအား ထုတ်ချေးပေးပြီး ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။
သတင်း - ကျော်ဇေယျဝင်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment