အောင်လံမြို့၌ သက်ကြီးဘိုးဘွားများအား ထောက်ပံ့ပေးအပ်ခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အောင်လံမြို့၌ သက်ကြီးဘိုးဘွားများအား ထောက်ပံ့ပေးအပ်ခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ထောက်ပံ့ပေးအပ်



MNP - စက်တင်ဘာ   ၃၀


မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ သက်ကြီးဘိုးဘွားများအား ထောက်ပံ့ပေးအပ်ခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီခွဲအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံးတို့တွင် ပြုလုပ်ခဲ့သည်။


အဆိုပါထောက်ပံ့ပေးအပ်ပွဲတွင် တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့်အတူ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ သက်ကြီးဘိုးဘွား(၁၅)ဦးအား ကွေကာ၊ မုန့်၊ Maskနှင့် အလှူငွေများ ထောက်ပံ့ပေးအပ်ပြီး မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံးတွင် ကိုယ်ဝန်ဆောင်မိခင် (၁၈)ဦးအား ကိုယ်ဝန်စောင့်ရှောက်ပေး ခြင်း၊ ကွေကာ၊ ကြက်ဥ၊ ငှက်ပျောသီးနှင့် Mask များထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)