ကျောက်ဖြူမြို့၌ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက် - MyanmarNationalPost

.com/img/a/

News Agency

demo-image

ကျောက်ဖြူမြို့၌ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

001

002

007

008


MNP ၊ စက်တင်ဘာ  ၃

ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့၌ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် ဌာန ဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ ယနေ့ နံနက်ပိုင်းက အထက (၂)ကျောင်းနှင့် အထက(၃)ကျောင်းများသို့ သွားရောက်ကာ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြ သည်။


ထိုသို့ဆောင်ရွက်ရာတွင် ကျောက်ဖြူခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၏ ဦးဆောင် လမ်းညွှန်မှုဖြင့် ယာယီရဲမှူးသန်းဇော် ဦးဆောင်သည့်အဖွဲ့မှ အထက(၂)ကျောင်းနှင့် ဗိုလ်မှူး တင်အောင်ကျော် ဦးဆောင်သည့်အဖွဲ့မှ  အထက(၃)ကျောင်းများသို့သွားရောက်ကာ ၎င်းကျောင်း များရှိ ကျောင်းခြံဝင်း အတွင်း/အပြင်နေရာတို့တွင် ပေါက်ရောက်နေသည့် ခြုံနွယ်၊ ပေါင်းပင်၊ မြက် ပင်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊  ကျောင်းခြံဝန်းအတွင်းရှိ အမှိုက်များကို သန့်ရှင်းရေးပြုလုပ် ခြင်းနှင့် ရရှိလာသည့်အမှိုက်များကို အမှိုက်အိတ်များထဲသို့ထည့်ကာ သတ်မှတ်နေရာများသို့ပို့ ဆောင်ပေးခြင်း၊ စသည့် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။   


ယင်းသို့စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းကို ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ နယ်မြေခံ ရဲတပ်ရင်းမှ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံ ပြည်သူအင်အား ၃၅၀ ကျော်တို့မှ  စုပေါင်းဆောင်ရွက်ခဲ့ကြပြီး ကျောက်ဖြူတပ်နယ်မှ ဗျူဟာမှူး၊နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ က လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။ လိုသို့ စုပေါင်း သန့်ရှင်းရေးပြုလုပ်ခြင်းကို အပတ်စဉ်စနေနေ့တိုင်း ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။


တင်ထွန်းဦး၊ ဖြိုးဝေလင်း

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Pages