မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း မွန်ပြည်နယ် မြေအသုံးချမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/ ၂၀၂၂) တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း မွန်ပြည်နယ် မြေအသုံးချမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/ ၂၀၂၂) တက်ရောက်



MNP - စက်တင်ဘာ  ၂၈


မွန်ပြည်နယ်အနေဖြင့် မြေအသုံးချမှု စီမံခန့်ခွဲခြင်း၊ မြေခွဲဝေချထားခြင်းနှင့် မြေအသုံးချမှု စီမံကိန်းလုပ်ငန်းစဉ်များ အရည်အသွေး ကောင်းမွန်စေခြင်းတို့ကို ရည်ရွယ်၍ မြေအသုံးချမှု မူဝါဒကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ် မြေအသုံးချမှု ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး  (၁/ ၂၀၂၂) ကို ယမန်နေ့၊ နံနက်ပိုင်းကပြည်နယ်အစိုးရ အဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက နိုင်ငံတော်၏ ဖွံ့ဖြိုးရေးနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းများ၊မြေအသုံးချမှု စီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအတွက် မြေအသုံးချမှုနှင့် စပ်လျဉ်း၍ အသုံးချမည့် မြေပမာဏ လျာထားဆုံးဖြတ်ရာတွင် တိကျမှန်ကန်သည့် သတင်းအချက်အလက်ကို အကျိုးသက်ဆိုင်သူများအား ပွင့်လင်းမြင်သာစွာ သိရှိစေရေးဆောင်ရွက်ရာတွင် ချမှတ်ထားသည့် မြေအသုံးချမှု မူဝါဒများနှင့်အညီဖြစ်စေရေး အလေးထား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အမျိုးသားမြေပုံစနစ် (One Map Myanmar) ရေးဆွဲ ပြုစုရန်အတွက် ပြည်သူများ ကိုးကားနိုင်မည့် ကိန်းဂဏန်းအချက်အလက်များကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ပြုစုဆောင်ရွက်ပေးရန်လိုကြောင်း၊ ပြည်နယ်အတွင်း ယဉ်ကျေးမှုအမွေအနှစ်နှင့် ဂေဟစနစ်များ ထိန်းသိမ်းရေးအတွက် သဘာဝထိန်းသိမ်းရေးနယ်မြေအဖြစ်၊ ကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တောများ၊ ဘေးမဲ့တောများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဧရိယာများကို ဖွဲ့စည်းသတ်မှတ်ပြီး ထိန်းသိမ်းစောင့်ရှောက်ကြရမည်ဖြစ်ကြောင်း၊ အများပြည်သူများ မြေအသုံးချခြင်း၊ မြေလုပ်ပိုင်ခွင့်ချထားခြင်းနှင့်အခြားနည်းအသုံးပြုခြင်းတို့နှင့် စပ်လျဉ်း၍ တရားဝင် အခွင့်အရေးရရှိစေရေးနှင့် မြေအငြင်းပွားမှုများကို လွယ်ကူစွာ ဖြေရှင်းနိုင်ခြင်းတို့ကို ဆောင်ရွက်နိုင်ရန် တိကျသောနယ်နိမိတ် မြေပုံများရေးဆွဲရာတွင် မြေကြီးမြေပုံစနစ်၊ မြေအမျိုးအစားသတ်မှတ်သည့် စနစ်ထားရှိကျင့်သုံးနိုင်ရေးအတွက်အားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် ပြောကြားသည်။


ထို့နောက် ပြည်နယ်မြေအသုံးချမှု ကော်မတီအတွင်းရေးမှူး၊ သစ်တောဦးစီးဌာန၊ ပြည်နယ်ညွှန်ကြားရေးမှူးမှ မြေအသုံးချမှု မူဝါဒအရ မြေအသုံးချမှုနှင့်လုပ်ကိုင်ခွင့်များဆောင်ရွက်ပြီးစီးမှု၊ မြေအသုံးချမှုကော်မတီအဆင့်ဆင့် ဖွဲ့စည်းဆောင်ရွက်ပြီးစီးမှုနှင့် ယင်းတို့၏လုပ်ငန်းတာဝန်များ၊ သစ်တော ဖုံးလွှမ်းမှုနှင့်သစ်တောမြေတိုးချဲ့ ဖွဲ့စည်းရန်လျာထားဆောင်ရွက်မှုများ၊ လယ်ယာမြေလုပ်ပိုင်ခွင့်လျှောက်ထားမှုနှင့် စက်ရုံစုဧရိယာများဖော်ဆောင်နေမှု အခြေအနေတို့အား ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးများနှင့် ကော်မတီဝင်များမှ ဖြည့်စွက်ဆွေးနွေးခဲ့ကြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - ခင်စန်းမြင့် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)