ကချင်ပြည်နယ်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ




MNP - စက်တင်ဘာ   ၃


ကချင်ပြည်နယ်အတွင်း ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးဆိုင်ရာ စီမံကိန်းလုပ်ငန်းများ၏ ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက်ရမည့် စီမံကိန်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ ပြည်နယ်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီ၏ ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။


လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကချင်ပြည်နယ်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီးဦးတိန့်ဆောင်က ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပင်မလုပ်ငန်ငန်းအစီအစဉ်တွင် ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးဆိုင်ရာ စီမံကိန်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ ပြည်နယ်အတွင်း ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက်ရမည့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စီမံကိန်း/ လုပ်ငန်းများ၏ အချက်အလက်များကို အချိန်မီပေးပို့နိုင်ရေး၊ ပြည်နယ်အတွင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာများ တိုးပွားစေရေး၊ သက်ဆိုင်ရာ ကဏ္ဍအလိုက်ဆောင်ရွက်ရမည့်လုပ်ငန်းများ တာဝန်များကို အလေးအနက်ထား ပူးပေါင်းဆောင်ရွက်ကြရေး ပြောကြားသည်။


ထို့နောက် ကော်မတီအတွင်းရေးမှူး၊ ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးဦးအောင်ခိုင်စိုးက မြန်မာနိုင်ငံရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပင်မလုပ်ငန်းအစီအစဉ်(၂၀၁၈-၂၀၃၀)တွင် ပါရှိသည့် အဓိကစီးပွားရေးကဏ္ဍ(၆)ခုပါ လုပ်ငန်းများမှ အချက်အလက်များ ပေးပို့ဆောင်ရွက်သွားရမည့် အချက်အလက်များနှင့် ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးသည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။


ယင်းနောက် ကော်မတီအဖွဲ့ဝင် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ရှေ့လုပ်ငန်း စီမံကိန်းများနှင့် စပ်လျဉ်း၍ သန့်ရှင်း၍စိမ်းလန်းစိုပြေသော ကျောင်းများရွေးချယ်ခြင်းနှင့် ဆုများချီးမြှင့်နိုင်ရေး၊ အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်နိုင်ရေး၊ ကျေးလက်ဖွံ့ဖြိုးရေးစီမံကိန်းများ လုပ်ငန်းများတွင် အသိပညာပေး ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ခရိုင်၊ မြို့နယ်များအလိုက် လုပ်ငန်းစီမံချက်များရေးဆွဲ၍ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ ရေရှည်အကောင်အထည်ဖော်ဆောင်ရွက်သွားရမည့် စီမံကိန်းလုပ်ငန်းများကို အကြံပြုသုံးသပ်ဆွေးနွေးတင်ပြရာ ပြည်နယ်ဝန်ကြီးက လူထုအကြားအသိပညာပေးခြင်းဖြင့် စီမံကိန်းလုပ်ငန်းများ ထိရောက်အောင်မြင်အောင် ဆောင်ရွက်ရေး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)