တနင်္သာရီတိုင်းဒေသကြီးအတွင်း အသက်အကြီးဆုံးအဖိုးအဖွားများအား ကျန်းမာရေး စောင့်ရှောက်မှုများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးအတွင်း အသက်အကြီးဆုံးအဖိုးအဖွားများအား ကျန်းမာရေး စောင့်ရှောက်မှုများဆောင်ရွက်





MNP - စက်တင်ဘာ  ၅


တနင်္သာရီတိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနအနေဖြင့် ပြည်သူများအားကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ  စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် ကော့သောင်းမြို့၊ ရွှေဇင်ယော်ရပ်ကွက်နှင့် ချမ်းဖမ်းကျေးရွာအုပ်စုနှင့် ဖရိုနိမ်းကျေးရွာရှိ သက်ကြီးရွယ်အိုများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ထို့နောက် ကျန်းမာရေးဝန်ထမ်းများက တနင်္သာရီတိုင်းဒေသကြီးအတွင်းအသက်အကြီးဆုံးအဖိုး ဖြစ်သည့်ကော့သောင်းမြို့နယ်၊ချမ်းဖန်းကျေးရွာအုပ်စု၊ဖရိုနိမ်းကျေးရွာမှသက်(၁၂၀)နှစ်ရှိအဖိုးဦးလွန်း၏နေအိမ်သို့ အိမ်တိုင်ရာရောက်သွား၍ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင် ရွက်‌ပေးခဲ့ပြီး အဟာရဖြည့်စားသောက်ဖွယ်များ ထောက်ပံ့ပေးအပ်ခဲ့သည်။


အလားတူ စက်တင်ဘာလ ၂ ရက်နေ့က ကော့သောင်းမြို့နယ်၊ ရွှေဇင်ယော်ရပ်ကွက်မှအသက် (၁၁၈)နှစ်ရှိအဖွား ဒေါ်ပန်းနွယ်အား ကျန်းမာ ရေးဝန်ထမ်းများက နေအိမ်သို့ သွားရောက်၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)