စလင်းမြို့နယ်တွင် တတိယအကြိမ် ပါတီညီလာခံအား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူများအား စားသုံးကုန်များ ဈေးနှုန်းချိုသာစွာဖြင့်ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စလင်းမြို့နယ်တွင် တတိယအကြိမ် ပါတီညီလာခံအား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူများအား စားသုံးကုန်များ ဈေးနှုန်းချိုသာစွာဖြင့်ရောင်းချပေး

 



MNP -  စက်တင်ဘာ   ၃၀


မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့ ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီမှ တတိယအကြိမ် ပါတီညီလာခံအား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူများအား စားဝတ်နေရေးအဆင်ပြေစေရန်အတွက် ယနေ့နံနက် ၇ နာရီ ၃၀ အချိန်က စားသုံးကုန်(၅)မျိုးအား ရောင်းချပေးခဲ့ကြောင်း သိရသည်။


စလင်းမြို့နယ်အတွင်း ဝင်ငွေနည်းပါးသည့် ပြည်သူများအား ဈေးနှုန်းချိုသာစွာဖြင့် အိမ်ထောင်စုတစ်စုလျှင် ဆန် (၁) ပြည်နှုန်းဖြင့် ဝယ်ယူနိုင်ကြစေရန်အတွက် ရောင်းချပေးရာတွင် ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီဝင်များက ရောင်းချပေးလျက်ရှိရာ ဆန်တစ်ပြည် (၁၅၀၀) ကျပ်၊ ဆီတစ်ဘူး (၃၀၀၀) ကျပ်၊ ကြက်သွန်နီတစ်ပိဿာ (၂၀၀၀)ကျပ်၊ ကြက်ဥ(၅လုံး ၅၀၀ကျပ်၊ ငါးခြောက်တစ်ထုပ် ၁၀၀၀ ကျပ်ဖြင့် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။


ထိုသို့ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချရာတွင် ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီမှ အသင်းဝင်များနှင့် ပြည်သူ့ရဲတပ်ဖွဲ့ဝင်များ၊ စေတနာရှင်ပြည်သူများက ပူးပေါင်းကူညီရောင်းချခဲ့ရာတွင် ကိုဗစ်-၁၉ရောဂါ စည်းကမ်းချက်များနှင့်အညီ စည်းကမ်းတစ်ကျတန်းစီ၍ ဆောင်ရွက်ခဲ့ပြီး ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချရာတွင် ပြည်သူအများအား နှာခေါင်းစည်း (MASK) များအား အခမဲ့ဝေငှခဲ့ကြောင်း ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီမှ သိရသည်။


သတင်း - မောင်လွင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)