မောင်တောမြို့၌ ပန်းခင်းစုံ ငွေစုငွေချေး သမဝါယမအသင်းလီမိတတ်၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောင်တောမြို့၌ ပန်းခင်းစုံ ငွေစုငွေချေး သမဝါယမအသင်းလီမိတတ်၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ







MNP ၊ စက်တင်ဘာ  ၂၃

ရခိုင်ပြည်နယ် ၊ မောင်တောခရိုင် ၊ မောင်တောမြို့၌  ပန်းခင်းစုံ ငွေစုငွေချေး သမဝါယမအသင်း လီမိတတ်၏   လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယနေ့  နေ့လယ် ၁ နာရီအချိန် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။ 


ရှေးဦးစွာ ပန်းခင်းစုံ ငွေစုငွေချေး သမဝါယမအသင်းလီမိတတ် အသင်း ဉက္ကဌ မြို့နယ်ပညာရေးမှူး  ဦးအောင်စံ ကျော် နှင့် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နွယ်နွယ်ထွန်း တို့မှ အမှာစကားပြောကြားခဲ့ပြီး  အဆိုပါအသင်း၏ ဒါရိုက်တာက  အသင်း၏ ရှေ့ဆက် လုပ်ဆောင်ရမည့် တာဝန်များ နှင့် လက်ရှိအခြေအနေများအား ရှင်းလင်း ပြောကြားခဲ့ သည်။ ထို့နောက်  အသင်း၏ စာရင်းစစ် ဦးအောင်ကျော်လှက  တစ်နှစ်စာ ငွေစာရင်းရှင်းတမ်းအား ဖတ်ကြားပြီး အသင်း သား များက ဆွေး နွေးခဲ့ကြသည်။  ဆက်လက်၍ ၂၀၂၂ ခုနှစ် ၊ တက္ကသိုလ်ဝင်တန်းတွင် ဂုဏ်ထူးဖြင့် အောင်မြင် သော အ သင်း ဝင်များတို့၏ သား/သမီး များထဲမှ  သုံးဘာသာဂုဏ်ထူးရှင် တစ်ဦး ၊ နှစ်ဘာသာဂုဏ်ထူးရှင် ငါးဦး ၊ တစ်ဘာသာ ဂုဏ်ထူးရှင် တစ်ဆယ် လေးဦး ရှိရာ  ဂုဏ်ထူးရကျောင်းသား၊ကျောင်းသူများအား ၁ ဘာသာလျှင် ငွေကျပ် သုံးသောင်း နှုန်းဖြင့်  တာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့်ပေးခဲ့ကြပြီး ပျော်ပွဲရွှင်ပွဲအဖြစ် ကံစမ်းမဲဖောက် ခြင်း များကို ဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။   


အောင်ကျော်စိန်၊ သက်လွင်စိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)