မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း မော်လမြိုင်မြို့လုံးဆိုင်ရာ ဆွမ်းဆန်တော် လောင်းလှူရေစက်ချပွဲ အခမ်းအနားတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း မော်လမြိုင်မြို့လုံးဆိုင်ရာ ဆွမ်းဆန်တော် လောင်းလှူရေစက်ချပွဲ အခမ်းအနားတက်ရောက်




MNP - စက်တင်ဘာ   ၂၅


မော်လမြိုင်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်သည့် မွန်ပြည်နယ်အစိုးရအဖွဲ့၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ ဌာနဆိုင်ရာများနှင့် ပြည်သူလူထုစုပေါင်းလှူဒါန်းသည့် မော်လမြိုင်မြို့နယ်အတွင်းရှိ သံဃာတော်များနှင့် သာသနာ့နွယ်ဝင်သီလရှင်များအား(၁၈၈)ကြိမ်မြောက် မြို့လုံးကျွတ်ဆွမ်းဆန်တော်၊ ဆီနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီးစီးမှု ရေစက်ချမင်္ဂလာအခမ်းအနားကို ယမန်နေ့နေ့လည်ပိုင်းက ကျင်းပပြုလုပ်ရာ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ၊ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်လင်းထွန်းနှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ စေတနာရှင် အလှူရှင်များ တက်ရောက်ခဲ့သည်။


ရှေးဦးစွာအခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်အတုလရန်အောင်ကျောင်းတိုက်၏ ဦးစီးပဓာနနာယက၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဘဒ္ဒန္တကောသဂ္ဂ (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ) အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ်မူအပ်သော မေတ္တာသုတ်ပရိတ် တရားတော်များ နာယူကြည်ညို၍ လှူဖွယ်ဝတ္ထုနှင့် ဆွမ်းဆန်တော်များအား ဆရာတော်၊ သံဃာတော်များထံသို့ ဆက်ကပ်လှူဒါန်းကာ လှူဒါန်းမှုအစုစုအတွက် အနုမောဒနာတရားနာယူ ကြည်ညိုပြီး ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။


(၁၈၈)ကြိမ်မြောက် မော်လမြိုင်မြို့လုံးဆိုင်ရာ ဆွမ်းဆန်တော်လှူဒါန်းရာတွင် ပြည်နယ်အစိုးရအဖွဲ့မှ ဆန်(၂၄)ပြည်အိတ်(၃၃၀)အိတ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်နှင့် တပ်ရင်းတပ်ဖွဲ့မိသားစုဝင်များမှ ဆန်(၂၄)ပြည်အိတ်(၅၀၀)အိတ်၊ စေတနာရှင်၊ အလှူရှင်များမှ ဆန်(၂၃၀၁)အိတ်နှင့် အလှူငွေကျပ် စုစုပေါင်း(၄၆၃)သိန်းကျော် လှူဒါန်းခဲ့ကြကြောင်း သိရှိရ သည်။


သတင်း - ခင်စန်းမြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)