မိုးနဲမြို့နယ်၌ သစ်တောဦးစီးဌာနမှ ပျိုးပင်များအခမဲ့ဖြန့်ဝေပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးနဲမြို့နယ်၌ သစ်တောဦးစီးဌာနမှ ပျိုးပင်များအခမဲ့ဖြန့်ဝေပေး


             

MNP - စက်တင်ဘာ  ၂၉


ရှမ်းပြည်နယ်(တောင်ပိုင်း)၊  မိုးနဲမြို့နယ်၌     သစ်တောဦးစီးဌာနမှ     အဖွဲ့အစည်း၊ ဌာန၊ တပ်ရင်း၊ တပ်ဖွဲ့၊ တက္ကသိုလ်၊ ရပ်ကွက်၊ ကျေးရွာ၊ ကျောင်းများသို့  သစ်ပင်ပျိုးပင်များကို အခမဲ့ဖြန့်ဝေပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းတွင်လည်း ဆက်လက်ဖြန့်ဝေပေး‌ခဲ့ကြောင်း သိရသည်။


ယနေ့နံနက်ပိုင်းတွင် (အ.ထ.က)မိုးနဲ ကျောင်းအတွက် ပျိုးပင်(၅၀)ပင်နှင့် (အ.လ.က)ခွဲ နောင်ကျော့ကျောင်း အတွက် ပျိုးပင်(၃၀)ပင် စုစုပေါင်း(၈၀)ပင်ကို မြို့နယ် သစ်တောဦးစီးမှူး ဦးဖြိုးဝေစံ ကအခမဲ့ဖြန့်ဝေပေးခဲ့ပြီး၊  သစ်တောပျိုးဥယျာဉ်မှ        ပျိုးထောင်ထားသော  ကျောက်ထင်ရှူး၊ ပနားမားငု၊ ငု‌ရွှေဝါ၊  စိန်ပန်းနီ အစရှိသည့် ပျိုးပင်များကို     စိုက်ပျိုးလိုသည့်   အဖွဲ့အစည်း၊ ဌာန၊  တပ်ရင်း၊ တပ်ဖွဲ့များ၊ တက္ကသိုလ်၊ ရပ်ကွက်၊ ကျေးရွာများ၊ကျောင်းများသို့ အခမဲ့ဖြန့်ဝေပေးခဲ့ပြီး ပျိုးပင်ပေါင်း ၁၅၀၀၀ ခန့် ကိုစိုက်ပျိုးထားရှိကြောင်း သိရသည်။


သတင်း - နန်းအေးအေးသိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)