ကချင်ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်း သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု အခြေခံသင်တန်းဖွင့်ပွဲသို့ တက်ရောက်ဖွင့်လှစ်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်း သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု အခြေခံသင်တန်းဖွင့်ပွဲသို့ တက်ရောက်ဖွင့်လှစ်ပေး

 



MNP - စက်တင်ဘာ  ၆


ကချင်ပြည်နယ်အတွင်း သဘာဝဘးအန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်းများကို ကော်မတီအဖွဲ့ဝင်များ၊ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် သဘာဝဘေးမဖြစ်ခင် ကြိုတင်ကာကွယ်ရေးလုပ်ငန်းအတွက် စီမံခန့်ခွဲနိုင်ရေး ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ကြီးမှူး၍ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု အခြေခံသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါ ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။


သင်တန်းဖွင့်ပွဲတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက ယနေ့ သင်တန်းမှ ပို့ချဆွေးနွေးမှုများသည် ပြည်နယ်အတွင်း သဘာဝဘေးစီမံခန့်ခွဲမှု လုပ်ငန်းများကို ဆောင်ရွက်ရာတွင် များစွာအထောက်အကူဖြစ်စေပြီး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် စားပွဲဝိုင်းလေ့ကျင့်ခန်းများ၊ သဏ္ဍာန်တူဇာတ်တိုက် လေ့ကျင့်ခန်းများကိုလည်း သင်တန်းကာလအတွင်း တစ်ဆက်တည်း လုပ်ဆောင်သွားမည်ဖြစ်သည့်အတွက် အတွေ့အကြုံများရရှိကာ ကြိုတင်ပြင်ဆင်မှု လုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။


ထို့နောက် ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါ်လှကေ သီမာက (၅.၉.၂၀၂၂)ရက်နေ့မှ (၉.၉.၂၀၂၂)ရက်နေ့အထိ (၅)ရက်ကြာ ဖွင့်လှစ်သွားမည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။


အဆိုပါသင်တန်းကို ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများ၊ သဘာဝဘေး စီမံခန့်ခွဲမှုလုပ်ငန်းများတွင် ပါဝင်သည့် ဆက်စပ်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ ပါဝင်သည့် သင်တန်းသား (၅၀)ဦးတို့အား သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ၊ နည်းဥပဒေဆိုင်ရာ သိကောင်းစရာများ၊ ဘေးအန္တရာယ်ဆိုင်ရာဝေါဟာရများ၊ ကြိုတင်ကာကွယ်ရေးနှင့် ဘေးအန္တရာယ် လျော့ပါးသက်သာစေ‌ရေး နည်းလမ်းများ၊ ရပ်/ရွာလူထုအခြေပြု ဘေးအန္တရာယ် စီမံခန့်ခွဲမှုများ၊ ဘေးအန္တရာယ်ကျရောက်လာပါက လုပ်ဆောင်ရမည့် အရေးပေါ် စီမံခန့်ခွဲရေးနည်းလမ်းများကို လေ့ကျင့်ဆွေးနွေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)