ပဲခူးတိုင်းဒေသကြီး (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတိုင်းဒေသကြီး (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ






MNP ၊ စက်တင်ဘာ ၄

ပဲခူးတိုင်းဒေသကြီး၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ပဲခူးမြို့ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဒီကနေ့ကျင်းပတဲ့ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲသည် မြန်မာ့တိုင်းရင်းသားလူမျိုးများ၏ အမျိုးဂုဏ် ဇာတိဂုဏ်မြင့်မားရေး၊ ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်စေရန်နှင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုရှိစေရေးတို့ကို ဦးတည်ရည်ညွှန်းပြီး ၂၀၂၂ ခုနှစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင်မှ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို နိုင်ငံတော်အဆင့် ပြိုင်ပွဲအဖြစ် ခမ်းခမ်းနားနား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါ


တယ်။ နိုင်ငံတော်အဆင့်ပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် ပဲခူးတိုင်းဒေသကြီးဂုဏ်ကို ဖော်ဆောင်နိုင်မယ့် မျိုးဆက်သစ်ပြိုင်ပွဲဝင်တွေ ပေါ်ထွက်လာစေဖို့ ယခုလိုပြိုင်ပွဲကို ကျင်းပပေးခဲ့တာဖြစ်ပါတယ်။ ယခုပြိုင်ပွဲကို လာရောက်ယှဉ်ပြိုင်ပြီး ရွေးချယ်ခံရသူများသည် နေပြည်တော်မှာ ကျင်းပမယ့် (၂၃)ကြိမ်မြောက် နိုင်ငံတော်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးတွင် တိုင်းဒေသကြီးကိုယ်စားပြုပါဝင်ယှဉ်ပြိုင်ရမှာဖြစ်သည့်အတွက် ပြိုင်ပွဲဝင်များအနေဖြင့် ပဲခူးတိုင်းဒေသကြီး၏ဂုဏ်ကို ဖော်ဆောင်ပေးနိုင်ရေးအတွက် မိမိတို့မှာရှိတဲ့ စွမ်းရည်၊ ပါရမီများကို ယခုပြိုင်ပွဲအတွက် သာလွန်ကောင်းမွန်အောင် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသရွေ့ အကောင်းဆုံးလေ့ကျင့်ကြိုးစားပေးကြရန်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ကလဲ အတတ်နိုင်ဆုံး ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။


ထို့နောက် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ပထမဆုရရှိသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်၊ အမှတ် (၇၇) ခြေမြန်တပ်မဌာနချုပ် တပ်မမှူး ဗိုလ်မှုးချုပ် စိုးမြတ်ထွဋ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်တို့က ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကြပြီး ဝါသနာရှင်ဒုတိယတန်း အဆိုဘာသာရပ်တွင် ပထမဆုရရှိသည့် ပဲခူးခရိုင်မှ မနန္ဒာလွင်က မြန်မာ့ဂုဏ်ရည်သီချင်းဖြင့် သီဆိုဖျော်ဖြေဧည့်ခံခဲ့ကြသည်။

ဆက်လက်၍ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် အထူးဆုရရှိသူများအား စီးပွားရေးရာဝန်ကြီး ဦးတင်ဦး၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သိန်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ကျော်ထွဋ်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်တို့က ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကြပြီး အခြေခံပညာအဆင့်၊ (၁၀-၁၅) ကဗျာလွတ်အကတွင် ပထမဆုရရှိသော ပြည်ခရိုင်အဖွဲ့မှ ကပြဖျော်ဖြေဧည့်ခံခဲ့ကြသည်။


ယင်းနောက် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ဒုတိယဆုရရှိသူများ၊ တတိယဆုရရှိသူများနှင့် နှစ်သိမ့်ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကြပြီး ဝါသနာရှင်ဒုတိယတန်း (အရေး)ပြိုင်ပွဲတွင် သာယာဝတီခရိုင်မှ ဦးအေးမော်ရေးသားသည့် သီချင်းဖြင့်လည်းကောင်း၊ အခြေခံပညာအဆင့် အကပြိုင်ပွဲတွင် အထူးဆုရရှိသူ ပဲခူးခရိုင်မှ မောင်ခိုင်ထွန်းနှင့် ပထမဆုရရှိသူ တောင်ငူခရိုင်မှ မအိမ့်မှူးခင်တို့က နှစ်ပါးသွားအကဖြင့်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြီးစီးခြင်းအတွက် မြန်မာနိုင်ငံသဘင်အစည်းအရုံး၊ ဥက္ကဋ္ဌ အနုပညာပထမအဆင့် ဦးစိန်မြအောင် (ဆိုင်းဝိုင်းကြီးအဖွဲ့)မှ ဂုဏ်ပြုတီးခတ်ဖျော်ဖြေပေးခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆုရရှိသူများနှင့် စုပေါင်းမှတ်တမ်းတင် အမှတ်တရ ဓာတ်ပုံရိုက်ခဲ့ကြီး ဆုရရှိသူများနှင့် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။


သက်ဖြိုးကြိုင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)