ယူနန်ပြည်နယ် တယ်ဟုန်းပြည်နယ်ခွဲနှင့် မြန်မာနိုင်ငံအကြား ခရီးသွားလာရေးလုပ်ငန်းများ ပြန်လည် လည်ပတ်နိုင်ရေးနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး တွေ့ဆုံဆွေးနွေး - MyanmarNationalPost

.com/img/a/

News Agency

demo-image

ယူနန်ပြည်နယ် တယ်ဟုန်းပြည်နယ်ခွဲနှင့် မြန်မာနိုင်ငံအကြား ခရီးသွားလာရေးလုပ်ငန်းများ ပြန်လည် လည်ပတ်နိုင်ရေးနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး တွေ့ဆုံဆွေးနွေး

003

004

MNP ၊ စက်တင်ဘာ ၂

တရုတ်နိုင်ငံ ယူနန်ပြည်နယ် တယ်ဟုန်းပြည်နယ်ခွဲနှင့် မြန်မာနိုင်ငံအကြား ရှိရင်းစွဲခရီးသွားလာရေး လုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်ရေး၊ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေး တို့နှင့် စပ်လျဉ်းပြီး ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်နှင့် တယ်ဟုန်းပြည်နယ်ခွဲ ကုန်သည်ကြီးများအသင်း(နေပြည်တော်) မြန်မာနိုင်ငံ ကိုယ်စားလှယ်ရုံး ညွှန်ကြားရေးမှူး Mr. Li Qigui တို့က နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။


ထိုသို့ တွေ့ဆုံစဉ် တရုတ်- မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးပွဲတော်များ ဆောင်ရွက်ရေး၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ သင်တန်းများ ပူပေါင်းဖွင့်လှစ်ရေး၊ ယူနန်ပြည်နယ်မန်စီမှ မန္တလေးနှင့် ရန်ကုန်သို့ ပျံသန်းခဲ့သည့် စင်းလုံးငှား လေယာဉ်ခရီးစဉ်များ ပြန်လည်စတင်နိုင်ရေး၊ တရုတ်- မြန်မာ နှစ်နိုင်ငံအကြား ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားကဏ္ဍ မြှင့်တင်ရေး၊ ဘာသာစကား သင်တန်းများ ဖွင့်လှစ်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။


ပြည်ပခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ ပိုမိုတိုးတက်ဝင်ရောက်လာရေးအတွက် ခရီးသွားဈေးကွက် ပိုမိုရရှိရန် ကြိုးပမ်းအကောင်အထည်ဖော်ရာတွင် တရုတ်ခရီးသွား ဈေးကွက်သည် ကမ္ဘာ့ Outbound ခရီးသွားဈေးကွက်၏ မောင်းနှင်အားတစ်ခုအဖြစ် ရှိနေကြောင်း၊ ၂၀၁၉ ခုနှစ်တွင် တရုတ်ခရီးသွား (၁၅၅) သန်းခန့် ကမ္ဘာနှင့်အဝန်း ခရီးစဉ်ဒေသများသို့ သွားလာလည်ပတ်မှု အများဆုံး အနေအထားတွင် ရှိခဲ့ကြောင်းနှင့် ၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံသို့ တရုတ်ခရီးသွားဧည့်သည် (၁ ဒသမ ၄) သန်းကျော် ဝင်ရောက်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages