မိုးညှင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်းဖွင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးညှင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်းဖွင့်



MNP - စက်တင်ဘာ  ၆


ကချင်ပြည်နယ်၊ မိုးညှင်းမြို့၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံး၏ ခရိုင်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံ သင်တန်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဟောင်း အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။


အဆိုပါအခမ်းအနားတွင် မိုးညှင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်က အမှာစကား ပြောကြားရာမှာ “မြန်မာနိုင်ငံဟာ သဘာဝဘေးကြောင့် ဆုံးရှုံးနိုင်ခြေ မြင့်မားတဲ့နိုင်ငံတွေထဲက တစ်ခု အပါအဝင်ဖြစ်ကြောင်း၊ မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ မိုးကြိုးဘေးစသည့် သဘာဝဘေးတွေကို ဒေသအသီးသီးမှာ နှစ်စဉ်ကြုံတွေ့ရပါကြောင်း နာဂစ်မုန်တိုင်း၊ ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများကြောင့် ပျက်စီးဆုံးရှုံးမှုများစွာ ကြုံတွေ့ရပါကြောင်း၊ သဘာဝဘေးအန္တရာယ်များကို ကြံ့ကြံ့ခံ ရင်ဆိုင်တုံ့ပြန်နိုင်ရန် နိုင်ငံတော်အစိုးရသည် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ (၂၀၁၃)နှင့် နည်းဥပဒေများ (၂၀၁၅)ကို ပြဋ္ဌာန်းပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လုပ်ငန်းစီမံချက်မှာ ပင်မမဏ္ဍိုင်(၄)ရပ်နဲ့ ဦးစားပေးစီမံကိန်း (၃၂)ခုရှိပါကြောင်း၊ သည်သင်တန်းဟာ ပင်မမဏ္ဍိုင် (၁)မှာပါတဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းနှင့် စီမံခန့်ခွဲမှုဆိုင်ရာ သင်တန်းပေးခြင်းများကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း” ပြောကြားခဲ့သည့်။


ဆက်လက်၍ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင် ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလဖိုင်ဇော်ဂေါင်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။


၎င်းသင်တန်းတွင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဝေါဟာရများနှင့် သဘောတရားများ၊ ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုစက်ဝန်း၊ မိုးလေဝသနှင့်ဇလဗေဒဆိုင်ရာ ဘေးအန္တရာယ်များအကြောင်း၊ သဘာဝဘေးစီမံခန့်ခွဲမှု လုပ်ဆောင်ချက်များ၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၊ ရှေးဦးပြုစုခြင်း၊ စိတ်ပိုင်း၊ လူမှုပိုင်းဆိုင်ရာ ပြန်လည်ထူထောင်မှုပေးခြင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေ၊ လုပ်ငန်းစီမံချက်ရေးဆွဲခြင်း စသည့်သင်ခန်းစာများကို တာဝန်ရှိသူများက သင်တန်းသား (၃၀) ဦးအား စာတွေ့လက်တွေ့ (၃)ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင် ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလဖိုင်ဇော်ဂေါင်ထံမှ သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)