ပခုက္ကူမြို့နယ်၌ ရပ်ရွာအေးချမ်းသာယာရေးနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပခုက္ကူမြို့နယ်၌ ရပ်ရွာအေးချမ်းသာယာရေးနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်



MNP -  စက်တင်ဘာ   ၅


မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော ကွင်းဆင်းအဖွဲ့သည် စက်တင်ဘာလ ၃ရက်က နံနက်၉နာရီခွဲအချိန်က ကျွဲတဲကျေးရွာအုပ်စု၊ မြို့သစ်ရပ်ရှိဒေသခံပြည်သူများနှင့်တွေ့ဆုံကာ ရပ်ရွာအေးချမ်းသာယာရေးနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် ပခုက္ကူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုးဦးဆောင်သော ကွင်းဆင်းအဖွဲ့(၁)မှ ဌာနဆိုင်ရာတာဝန်ရှိသူတို့က ကျွဲတဲကျေးရွာအုပ်စု၊ မြို့သစ်ရပ်ရှိဒေသခံပြည်သူများနှင့်တွေ့ဆုံကာ  လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေနှင့်ဌာနဆိုင်ရာ ကဏ္ဍများအလိုက် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းဆောင်ရွက်ပေးနေမှု အခြေအနေတို့ကို အသိပညာပေးဆွေးနွေးကြပြီး ဒေသခံပြည်သူများ၏ သိရှိလိုသည်များမေးမြန်းမှုတို့အပေါ် သက်ဆိုင်ရာဌာနများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြသည်။ အဆိုပါကွင်းဆင်းအဖွဲ့အနေဖြင့် အုပ်ချုပ်ရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးတို့အတွက် ပြည်သူ့စကားသံနှင့် အထွေထွေတင်ပြလာမှုများအပေါ် ဆွေးနွေးညှိနှိုင်းဖြည့်ဆည်းပေးနိုင်ရေး ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပြီး ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ဒေသခံပြည်သူ (၁၆၅)ဦးတို့အား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခြင်း၊ ဒေသခံပြည်သူ(၁၃၀)ဦးတို့အား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား အသစ်(၅)ဦး၊ လှဲလှယ်သူ(၂)ဦး၊ ပျောက်ဆုံး လျှောက်ထားသူ(၃)ဦး၊ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆) ပျောက်ဆုံးလာရောက်လျှောက်ထားသူ (၂)ဦး၊ စုစုပေါင်း(၁၂)ဦး တို့အား ဆောင်ရွက်ပေးခြင်းလုပ်ငန်းတို့ကို ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


အလားတူ ပခုက္ကူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုးဦးဆောင်သောအဖွဲ့သည် စက်တင်ဘာ၂ ရက်နေ့က ကျွဲတဲကျေးရွာအုပ်စု၊ ရွှေချောင်းကျေးရွာရှိ ဒေသခံပြည်သူ(၁၅၀)ဦးတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ဌာနဆိုင်ရာများအလိုက် အသိပညာပေးဟောပြောခြင်း၊ ဒေသခံပြည်သူ(၁၁၀)ဦးတို့အား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား အသစ်(၇)ဦး၊ လဲလှယ်သူ(၃)ဦး၊ ပျောက်ဆုံးလျှောက်ထားသူ(၂)ဦး၊ အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆) ပျောက်ဆုံးလာရောက်လျှောက်ထားသူ (၃)ဦး၊ စုစုပေါင်း(၁၅)ဦးတို့အား ဆောင်ရွက်ပေးခြင်းလုပ်ငန်းတို့ကို ပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။


သတင်း - ဘာမီသာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)