အမျိုးသားအဆင့် ရာဘာအစေးခြစ် လုပ်သားကျွမ်းကျင်မှုအဆင့်(၁) သင်တန်းပေးခြင်းနှင့် စစ်ဆေးအကဲဖြတ်ခြင်းသင်တန်း (အမှတ်စဉ်−၉)ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမျိုးသားအဆင့် ရာဘာအစေးခြစ် လုပ်သားကျွမ်းကျင်မှုအဆင့်(၁) သင်တန်းပေးခြင်းနှင့် စစ်ဆေးအကဲဖြတ်ခြင်းသင်တန်း (အမှတ်စဉ်−၉)ဖွင့်လှစ်

 


MNP - စက်တင်ဘာ   ၁၃


မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်၌ အမျိုးသားအဆင့်ရာဘာအစေးခြစ် လုပ်သား ကျွမ်းကျင်မှုအဆင့်(၁) သင်တန်းပေးခြင်းနှင့် စစ်ဆေးအကဲဖြတ်ခြင်းသင်တန်း(အမှတ်စဉ်−၉)ကို ယမန်နေ့ နံနက်ပိုင်းက မုဒုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ နှစ်ရှည်သီးနှံဌာနခွဲ၊ နှစ်ရှည်သီးပင်များ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ၌ ပြုလုပ်သည်။


ရှေးဦးစွာ စိုက်ပျိုးရေးဦးစီးဌာန၊ မွန်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူး၊ ဦးလှမိုးအောင်မှ အဖွင့်အမှာစကားပြောကြားရာ  “သင်တန်းကို စိုက်ပျိုးရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံလုပ်သား ကျွမ်းကျင်မှု စံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) တို့ပူးပေါင်း၍ ကျွမ်းကျင်လုပ်သားများ မွေးထုတ် ပေးရေး အစီအစဉ်အရ ရာဘာစိုက်ပျိုးဖြစ်ထွန်းသော ဒေသအသီးသီးရှိ ရာဘာစိုက်ပျိုးသူ တောင်သူများနှင့် အစေးခြစ်လုပ်သားများ အစေးခြစ်နည်းစနစ်ကို သေချာစွာသိရှိပြီး အစေးခြစ်ခြံ ကိုစနစ်တကျ စီမံခန့်ခွဲခြင်းဖြင့် ရာဘာအထွက်နှုန်းတိုးကာ သက်တမ်းပြည့် အစေးထုတ်ယူနိုင်ရန် ရည်ရွယ်၍ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ စနစ်တကျ လိုက်နာ၍ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း” ပြောကြားသည်။


ထို့နောက် စိုက်ပျိုးရေးပညာရှင် ဆရာကြီးဦးဝင်းတင်မှလည်း ရာဘာအစေးခြစ်နည်းစနစ် နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းဖွင့်ပွဲသို့ စိုက်ပျိုးရေးဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်မှ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နှစ်ရှည်ပင်များ သုတေသနနှင့် နည်းပညာ ဖွံ့ဖြိုးရေးခြံ(မုဒုံ)မှ စိုက်ပျိုးရေးပညာရှင်များနှင့် ဧရာဝတီ၊ ပဲခူး၊ ရန်ကုန်တိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်များမှ အစေးခြစ်လုပ်သားသင်တန်းသား၊ သင်တန်းသူ (၃၀)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ (၁၅)ရက်ကြာမြင့်မည်ဖြစ်ပြီး စာတွေ့/လက်တွေ့ သင်တန်းပို့ချခြင်းနှင့် စစ်ဆေးအကဲဖြတ်ခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - မုဒုံသူ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)