အထက မင်းတန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊နံရံကပ်စာစောင်ပြပွဲနှင့်စာဖတ်စွမ်းရည်ပြိုင်ပွဲများပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အထက မင်းတန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊နံရံကပ်စာစောင်ပြပွဲနှင့်စာဖတ်စွမ်းရည်ပြိုင်ပွဲများပြုလုပ်





MNP ၊ စက်တင်ဘာ   ၆

 ပေါင်မြို့နယ် ပြန်ကြား ရေးနှင့်ပြည်သူ့က်ဆံရေးဦးစီးဌာနသည် ပညာရေးဌာန နှင့်ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ၊နံရံကပ်စာစောင်ပြပွဲနှင့်စာဖတ်စွမ်းရည်ပြိုင်ပွဲများကို  ယနေ့  နေ့လယ်က မြရတနာခန်းမ ၌ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် အထက မင်းတန်း တာဝန်ခံ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန္တာအေး က ဟောပြောပွဲ ကျင်းပပြုလုပ် ရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုး ကကျောင်းသား/ကျောင်းသူ များအတွေးအခေါ် မြင့်မားဖို့ စာပေလေ့လာဖတ်ရှုစို့ ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောခဲ့သည်။


 ထို့နောက် အမှတ်(၉) လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးတပ်ဖွဲ့စုရုံး မော်လမြိုင်မှ ရဲအုပ်စိုးကျော် ကလူကုနျကူးမှုအဓိပ်ပါယျနှငျ့ လူကုန်ကူးမှုဖြစ်ပေါ်စေတဲ့အခြေခံ အကြောင်းရင်းများ၊ လူကုန်ကူးမှုကို ဖြစ်စေတတ်သော အင်္ဂါရပ်များနှင့် လူကုန်ကူးသူများအား အရေးယူနိုင်သည့် ပြစ်ဒဏ်များကို ရှင်းလင်းဟောပြောခဲ့ကြသည်။


ဆက်လက်၍ ပေါင်မြို့နယ်ကြက်ခြေနီအသင်း ဥက္ကဌ ဦးအောင်မင်းနိုင် က လူငယ်များအနေဖြင့်အချိန်မရွေးလူကုန်ကူးခံရနိုင်သောကြောင်း မိမိသွားရောက်သည့်နေရာအား မိဘများအားအသိပေးပြီးမှသွားရောက်ရန်လိုအပ်ပါကြောင်း ဟောပြောခဲ့သည်။


တစ်ဆက်တည်းမှာပဲ စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနေဇင်သက် က စားသောက်ကုန်များကို စားသောက်ကြရာတွင် ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း ကုန်စည်/ဝန်ဆောင်မှုများကို လုပ်ငန်းရှင်များအကြား လွှဲပြောင်းရောင်းချပြီးနောက် စားသုံးသူနစ်နာပါက ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းများကို ဝန်ဆောင်မှုပေးလျက်ရှိကြောင်းဟောပြောခဲ့သည်။


မြို့နယ် ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက ကျောင်းသား၊ကျောင်းသူများ စာဖတ်စွမ်းရည်မြင့်မားရေး အတွက် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ကျင်းပပြုလုပ်ပြီးနောက် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးနံရံကပ်စာစောင်နှင့် လူကုန်ကူးမှု အန္တရာယ်အသိပညာပေး နံရံကပ် စာစောင်၊လက်ကမ်းစာစောင်နှင့် စာအုပ်ပြပွဲများကို ပြသခဲ့ရာ ဟောပြောပွဲသို့တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစား ကြည့်ရှုလေ့လာ မှတ်သား ခဲ့ကြောင်းသိရသည်။


မွန်မလေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)