ပေါင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးရှေ့တွင် အခြေခံစားသောက်ကုန်များ သက်သာသော နှုန်းထားဖြင့် ရောင်းချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးရှေ့တွင် အခြေခံစားသောက်ကုန်များ သက်သာသော နှုန်းထားဖြင့် ရောင်းချ



                                                                                                                                                   

MNP ၊ စက်တင်ဘာ  ၁၄

မွန်ပြည်နယ်၊ပေါင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးရှေ့တွင် အခြေခံစားသောက်ကုန်များ သက်သာသော နှုန်းထားဖြင့် ရောင်းချ  နေခြင်းကို ယနေ့ နံနက်ပိုင်းက အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊သထုံတပ်နယ်မှဈေးနှုန်းသက်သာစွာဖြင့်လာရောက်ရောင်းချပေးခဲ့ကြောင်းသိရသည်။


နယ်မြေခံတပ်နယ်တို့၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ပေါင်မြို့နယ်အတွင်းရှိ  ဒေသတွင်း စားနပ်ရိက္ခာ ဖူလုံရေး၊ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအတွက် အထောက်အကူ ဖြစ်စေရေး ရည်ရွယ်ချက်ဖြင့် အခြေခံစားသောက်ကုန်များကို သက်သာသောနှုန်းထားဖြင့် ရောင်းချမှု အစီအစဉ် ဆောင်ရွက်ပေးခြင်း ဖြစ်သည်။


ပေါင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် ပေါင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် ဆန်၊နို့ဆီ၊ငါး၊ကြက်ဥ၊ခေါက်ဆွဲ၊ခရမ်းချဉ်သီး၊ပန်းဂေါ်ဖီ၊ကန်စွန်းရွက်၊ချဉ်ပေါင်ရွက်၊ဂေါ်လခါးသီး၊ခရမ်းသီးစသည့် ဟင်းသီးဟင်းရွက်အမျိုးမျိုး ပါဝင်သည့် အခြေခံစားသောက်ကုန် (၁၁)မျိုးကိုရောင်းချပေးလျက်ရှိကြောင်းနှင့် လစခ(၄) ခေတ္တ လစခမှုး ဗိုလ်မှုးကြီးဖြိုးဝေထွန်း လကတ(၁၀၀၇)မှ တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီးဟိန်းညီဇော် တို့နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြည့်ရှုအားပေးကြောင်း သိရသည်။


မွန်မလေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)