ရခိုင်ပြည်နယ်၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားအတွက် ဂုဏ်ပြုယာဉ်များ ပြင်ဆင်ရေးနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားအတွက် ဂုဏ်ပြုယာဉ်များ ပြင်ဆင်ရေးနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း






MNP ၊ စက်တင်ဘာ ၁၄

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့်(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေး နေ့ အခမ်းအနားအတွက် ဂုဏ်ပြုယာဉ်များပြင်ဆင်ရေး နှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်း အဝေး (၁/၂၀၂၂) ကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားကို ပြည်ထောင်စုနေမြေ၊ နေပြည်တော်တွင် ယခင်နှစ်များနှင့်မတူ ထူးထူးခြားခြား စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များက ဂုဏ်ပြုယာဉ်များဖြင့် ပါဝင် ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မိမိတို့ရခိုင်ပြည်နယ်အနေဖြင့် ပြီးခဲ့သည့်စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားမှာ ဂုဏ်ပြုအလှပြယာဉ်သုံးစီးပါဝင်ပြသခဲ့ပြီး နှစ်သိမ့်ဆုကို ဆွတ်ခူးနိုင်ခဲ့ ပြီးလည်းဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အနေဖြင့် ကြုံတောင့်ကြုံခဲ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေး နေ့ အခမ်းအနားမှာ ပါဝင်ဖော်ကျူးပြသကြမည့် ဂုဏ်ပြုအလှပြယာဉ်များ၊ သရုပ်ဖော်ကြကွက်များ ပါဝင်ပြသရာမှာ မိမိတို့ရခိုင်တိုင်းရင်းသားတို့၏ ရိုးရာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများ၊ ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများ၊ ပြည်ထောင်စုအတွင်းတည်ရှိသော ပြည်နယ်တစ်ခုအနေဖြင့် ပြည်နယ်၏အထင်ကရအထိမ်းအမှတ် Land mark များ၊ ထူးခြားချက်များကို ပြည့်စုံစွာဖြင့် အစီအစဉ် တကျ ဖော်ကျူးပြသနိုင်ရန် ယခုအစည်းအဝေးတွင် ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးကြစေလိုကြောင်း နှင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေး နေ့အခမ်းအနားအတွက် ဂုဏ်ပြုယာဉ်များ ပြင်ဆင်ရာတွင် ရခိုင်ပြည်နယ်၏ ပူးပေါင်းဆောင်ရွက်မှု၊ တင်ဆက်ပြသမှုများသည် အခြားတိုင်းဒေသကြီး၊ ပြည်နယ်များထက် ပိုမိုကောင်းမွန်ပြည့်စုံရမည် ဆိုသည့် သံန္နိဋ္ဌာန်ဖြင့် ဆွေးနွေးတိုင်ပင် ဆောင်ရွက်ပေးကြစေလိုကြောင်းပြောကြားသည်။

ထို့နောက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ညွှန်ကြားရေးမှူး ဦးရဲထွန်းဇော်က ဂုဏ်ပြုယာဉ်များ ပြင်ဆင်ရေးလုပ်ငန်းနှင့်ပတ်သက်၍ လျာထားချက်များအားရှင်းလင်းတင်ပြရာ  ပြည်နယ်အစိုးရအဖွဲ့ ဝင်များက ဖြည့်စွက်အကြံပြုဆွေးနွေးတင်ပြကြသည်။ ဆက်လက်၍ ပြည်နယ်အဆင့်ဌာနဆိုင်ရာ များနှင့်ပညာရှင်များက(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့တွင် ဆောင်ရွက်ခဲ့သည့်အတွေ့အကြုံ များ၊ အားသာချက်၊ အားနည်းချက်များနှင့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားတွင် ထည့်သွင်းဆောင်ရွက်နိုင်မည့် ကဏ္ဍများကို အသီးသီးအကြံပြုဆွေးနွေးတင်ပြကြသည်။ 

တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များက ပြန်လည်ဆွေးနွေးပေး ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

နေ့လယ်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းနှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်များသည် စစ်တွေမြို့ဦးဥတ္တမခန်းမ၌ ကျင်းပလျက်ရှိသော (၂၃)ကြိမ်မြောက် ပြည်နယ်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ တတိယနေ့အဖြစ် အဆို(မဟာဂီတ) ဘာသာရပ်၊ အခြေခံပညာအဆင့်နှင့် ဝါသနာရှင်အဆင့်ယှဉ်ပြိုင်နေမှု၊ အဆို(အမျိုးဂုဏ်ဇာတိဂုဏ်) ဘာသာရပ်၊ အဆင့်မြင့်ပညာအဆင့်နှင့် ဝါသနာရှင်အဆင့် ပြိုင်ပွဲဝင်များ ပါဝင်ယှဉ်ပြိုင်နေမှုကို သွား ရောက်ကြည့်ရှု အားပေးခဲ့ကြောင်းသိရသည်။ 


တင်ထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)