တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို လုပ်ငန်းခွင်အကြို မူလတန်း ဆရာအတတ်ပညာ သင်တန်း (၈/၂၀၂၂) သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို လုပ်ငန်းခွင်အကြို မူလတန်း ဆရာအတတ်ပညာ သင်တန်း (၈/၂၀၂၂) သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်



MNP - စက်တင်ဘာ   ၁၄


တနင်္သာရီတိုင်းဒေသကြီး လုပ်ငန်းခွင်အကြိုမူလတန်း ဆရာအတတ်ပညာသင်တန်း (၈/၂၀၂၂) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ထးဝယ်ပညာရေးဒီကရီကောလိပ် တိက္ခပညာခန်းမ၌ ကျင်းပပြုလုပ်ရာအခမ်းအနားကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဆရာ၊ဆရာမများ၊ သင်တန်းသူသင်တန်း သားများ တက်ရောက်ခဲ့သည်။


အခမ်းအနားအား လုပ်ငန်းခွင်အကြိုမူလတန်း ဆရာအတတ်ပညာသင်တန်း (၈/၂၀၂၂) သင်တန်းသား/သင်တန်းသူများက “ဘက်စုံဦးတည်တို့လှမ်းချီ” သီချင်းဖြင့် သီဆိုဖျော်ဖြေပြီး  ဝန်ကြီးချုပ်ဦးမြတ်ကိုက  ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားရာ မိမိဒေသကိုချစ်မြတ်နိုးတဲ့၊ ဒေသရဲ့ဆရာလိုအပ်တာတွေကို အလျင်အမြန်ဖြည့်ဆည်းပေးနိုင်မယ့် ဘွဲ့ရဆရာ၊ ဆရာမတွေပေါ်ထွန်းလာမှာဖြစ်လို့ ယခုသင်တန်းလာတက်ကြတဲ့သင်တန်းသား/သူများအတွက် ဂုဏ်ယူပါကြောင်းလူ့ဘောင်လောက ဖွံ့ဖြိုးတိုးတက်ရေးအတွက်လူ့စွမ်းအားအရင်းအမြစ်များကိုပြုစုပျိုးထောင်ပေးမယ့် ဆရာ၊ ဆရာမလောင်းများကို ဝမ်း မြောက်စွာ ကြိုဆိုပါကြောင်း၊ ဆရာဆိုတာ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းမှာ အဓိကအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နေသူများဖြစ်တဲ့အတွက် နောင်တစ်ချိန်မှာ ဆရာ၊ ဆရာမများ ဖြစ်လာကြမယ့် သင်တန်းသား/ သူများအနေနဲ့သင်ကြားမှုအရည်အသွေးများ အစဉ်ရှင်သန်မြင့်မားနေဖို့ လိုအပ်ပါကြောင်း၊ သင်တန်းသား/ သူများအနေနဲ့ ကလေးများရဲ့ ထိုးထွင်းကြံဆမှု၊ တီထွင်ဖန်တီးနိုင်မှု၊ ဝေဖန်ပိုင်းခြားနိုင်မှုနဲ့ ပြဿနာဖြေရှင်းနိုင်မှု အစရှိတဲ့ အရည်အသွေးများ တိုးတက်လာအောင် လေ့ကျင့်သင်ကြားပေးဖို့ တိုက်တွန်းလိုပါကြောင်း၊ အနာဂတ်နိုင်ငံတော်ရဲ့ ပညာရေးဖွံ့ဖြိုး တိုးတက် ရေးအတွက်စိတ်ဓာတ်၊ စည်းကမ်း၊ ပညာပြည့်ဝသော ဆရာများဖြစ်လာအောင် စွမ်းအားအပြည့်အဝ စိုက်ထုတ်ပြီး လေ့ကျင့် သင်ယူကြစေလိုကြောင်း၊ သင်တန်းတက်ရောက်စဉ်ကာလအတွင်း ဆရာအတတ်ပညာများကို လေ့လာဆည်းပူးပြီး သင်တန်း အောင်မြင် ပြီးမြောက်သည့် အခါတွင်လည်း စာသင်ကြားပေးတဲ့ ဆရာ၊ ဆရာမ တစ်ဦးအဖြစ်သာမက မိမိတို့ တာဝန်ကျရာဒေသအတွက် ရပ်ရွာအကျိုး သယ်ပိုးဆောင်ရွက်ရာတွင် ဦးဆောင်နိုင်သူ၊ မှန်ကန်တဲ့အသိပညာ သဘောထားခံယူချက်များ ဝေမျှနိုင်သူအဖြစ် နိုင်ငံတာဝန်များကို တစ်ဖက်တစ်လမ်းမှ ထမ်းဆောင်နိုင်သူများ ဖြစ်စေရေးအတွက် ကြိုးစားဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။


ထို့နောက် ထားဝယ်ပညာရေးဒီကရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါ်နီနီသန်းမှ သင်တန်းပို့ချခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဝန်ကြီးချုပ်ဦးမြတ်ကိုမှ သင်တန်းကာလအတွင်း သင်တန်းသူ၊ သင်တန်းသားများ နေထိုင်စားသောက်မှု အဆင်ပြေစေရေးအတွက် ဆန်နှင့်ဆီများ ထောက်ပံ့ပေးအပ်ပေးခဲ့သည်။


အဆိုပါ လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း (၈/၂၀၂၂) သင်တန်းကို ထားဝယ်ပညာရေး ဒီကရီကောလိပ်တွင် သင် တန်းကာလ (၂) လ တာဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ (၇၅) ဦး တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)