တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ဆေးဘက်ကျွမ်းကျင်(၄) (ဆေးစပ်)နှင့် စိစစ်ရေးမှူး(၄) (ဆေးမှတ်တမ်း) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ဆေးဘက်ကျွမ်းကျင်(၄) (ဆေးစပ်)နှင့် စိစစ်ရေးမှူး(၄) (ဆေးမှတ်တမ်း) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်




MNP - စက်တင်ဘာ   ၆


တနင်္သာရီတိုင်းဒေသကြီး ကုသရေးဦစီးဌာနမှကြီးမှူး၍ ဆေးဘက်ကျွမ်းကျင်(၄) (ဆေးစပ်)နှင့် စိစစ်ရေးမှူး (၄) (ဆေးမှတ်တမ်း) သင် တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ ၌ကျင်းပခဲ့သည်။


 အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနအနေဖြင့် မြန်မာတစ်နိုင်ငံလုံးမှာရှိသောဆေးရုံများတွင် ကုသထောက်ကူကဏ္ဍများဖြစ်သည့် ဆေးစပ်၊ စိစစ်ရေးမှူး၊ ဓာတ်မှန် ကျွမ်းကျင်ဝန်ထမ်းနေရများအတွက် ယခုနှစ်ဩဂုတ်လအတွင်းအမြဲတမ်းဝန်ထမ်း၊ နေ့စားဝန်ထမ်းများကို ရွေးချယ်ခန့်အပ်ခဲ့ပြီးဖြစ်ကြောင်း၊ ကုသရေးဦးစီးဌာန၏ရည်မှန်းချက်ဖြစ်သော ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေ လွှမ်းခြုံမှုတိုးတက်လာစေရေး၊ ပြည်သူ့ဆေးရုံများ၏ကုသမှုအရည်အသွေး မြင့်မားရေး၊ နိုင်ငံတော်၏ ကျန်းမာရေး မူဝါဒနှင့်အညီပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းများ တိုးတက်ဖြစ်ထွန်းစေရေးစသည်တို့ကို ကြိုးပမ်း အကောင် အထည်ဖော်ရာတွင် ကုသမှုအထောက်အကူများဖြစ်သည့် ဆေးစပ်၊ ဆေးမှတ်တမ်း၊ ဓာတ်မှန်ဝန်ထမ်းများ၏ အခန်းကဏ္ဍသည် အရေ းကြီးကြောင်း၊ ဆေးမှတ်တမ်းထိန်းများအနေဖြင့် မိမိတို့ဆေးရုံ၊ မိမိတို့မြို့နယ်၊ မိမိတို့တိုင်းဒေသကြီး အတွင်းမှာရှိသောအတွင်းလူနာများ၊ ပြင်ပ လူနာများရဲ့ ဆေးမှတ်တမ်းများ၊ ရောဂါကုသမှု၊ဆက်စပ် အချက်အလက်များကို စနစ်တကျ မှတ်တမ်းပြုထိန်းသိမ်းရသည့်အပြင်၊ ဒေသအလိုက်ဆေးရုံအလိုက်ဖြစ်ပွားမှုအများဆုံးရောဂါများ၊  အသေအပျောက်အများဆုံးရောဂါများစသော အချက်အလက်စစ်တမ်းများထုတ်ယူပေးနိုင်ကြောင်း၊ကျန်းမာရေးဆိုင်ရာ အချက်အလက်များ၊ အညွှန်းကိန်းများ၊ သုတေသနများ ဆောင်ရွက်နိုင်ကြောင်း သိရှိရသော ကြောင့် တန်ဖိုးရှိသည့်လုပ်ငန်းတာဝန်များဖြစ်ကြောင်း၊ ဆေးဘက်ကျွမ်းကျင်(၄)(ဆေးစပ်)ဝန်ထမ်းများ၊ စိစစ်ရေးမှူး(၄) (ဆေးမှတ်တမ်း) ဝန်ထမ်းများအားလုံး သင်တန်းကာလကို ထူးချွန်ပြည့်ဝစွာတတ်မြောက်အောင်မြင်ကြစေရန်၊ မိမိတို့၏ ဆေးရုံ၊ မိမိတို့ဒေသကို တတ် မြောက်ထားသော ပညာနှင့်အလုပ်အကျွေးပြုနိုင်ကြစေရန်၊ အတ္တပရမျှတစွာဖြင့် မိမိအကျိုးအများအကျိုး ဆောင်နိုင်ကြရန်လိုအပ် ကြောင်းပြောကြားသည်။


ထို့နောက် တိုင်းဒေသကြီး၊ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်ငွေစံက သင်တန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။


တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် သင်တန်းသား/သူဆေးစပ်(၁၉)ဦး၊ ဆေးမှတ်တမ်း (၇)ဦးတက်ရောက် ခဲ့ကြပြီးမြိတ်မြို့တွင် ဓာတ်မှန် (၁၅)ဦး တက်ရောက်ကာ သင်တန်းကာလမှာ (၆)လကြာမြင့်မှာဖြစ်ကြောင်းသိရပြီး သင်တန်းသား/သင်တန်းသူများ စားသောက်ရေးအတွက် ဆန်များထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)