မန်းရွှေစက်တော် ဘုရားကြီးတွင် ရွေ့လျားစက်လှေကား တပ်ဆင်ရန် ဆွေးနွေး၍ မြေနေရာများ တိုင်းတာရွေးချယ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန်းရွှေစက်တော် ဘုရားကြီးတွင် ရွေ့လျားစက်လှေကား တပ်ဆင်ရန် ဆွေးနွေး၍ မြေနေရာများ တိုင်းတာရွေးချယ်

 




MNP - စက်တင်ဘာ  ၄


မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် မန်းရွှေစက်တော် ဘုရားကြီးတွင် ရွေ့လျားစက်လှေကားတပ်ဆင်ရန်  ဆွေးနွေးခြင်းနှင့်  မြေနေရာရွေးချယ်၍ တိုင်းတာခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က ကိုးခန်းကြီး နားနေဆောင်၌ ဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


ထိုသို့ ဆွေးနွေးမှုများပြုလုပ်ရာတွင် မန်းရွှေစက်တော် ဂေါပကဒုဥက္ကဌ ဦးသိန်းလှိုင်၊ အော်ရိုနာကုမ္ပဏီ ဒါရိုက်တာ ဦးမြင့်ဇော်၊ အော်ရိုနာကုမ္ပဏီ အရောင်းမန်နေဂျာ ဒေါ်ချမ်းမြေ့ခင်၊ AGT ကုမ္ပဏီ မကွေးကိုယ်စားလှယ် ဦးလှရှောင်၊ Project လုပ်ငန်းတာဝန်ခံ ဦးသူရိန်လင်းကြိုင်၊ ကိုးခန်းကြီး တာဝန်ခံ ဦးစိုးဝင်း၊ အထက်စက်တော်ရာ တာဝန်ခံ ဦးမြင့်သောင်း၊ အောက်စက်တော်ရာ တာဝန်ခံ ဦးဝင်းနိုင်ထွန်းနှင့် ဂေါပကအဖွဲ့ဝင် ဦးမောင်မောင်ဝင်းတို့က ရွေ့လျားစက်လှေကား တပ်ဆင်ခြင်းနှင့် ပတ်သက်၍ အကြံပြု ဆွေးနွေးခဲ့ကြသည်။


ဆွေးနွေးမှုများ အပြီးတွင် စက်လှေကားတပ်ဆင်မည့် မြေနေရာအနေအထား ရွေးချယ်တိုင်းတာသည့်အခါ ပထမနေရာသည် ကိုးခန်းကြီးအနောက်ဘက်မှာ မျက်နှာကျက်နှင့် မလွတ်ကင်းသည့်အတွက်  ဒုတိယနေရာ ရွေးချယ်ရာ ကိုးခန်းကြီး နောက်ကျောဘက်နှင့် အထက်စက်တော်ရာ ညာထောင့်နေရာသည် အဆင်ပြေသည့် အနေအထားရှိကြသဖြင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအစိုးရနှင့် ဩဝါဒဆရာတော်ကြီးများထံ ဆက်လက်တင်ပြသွားမှာဖြစ်ကြောင်း ရွှေစက်တော် ဂေါပကအဖွဲ့ထံမှ သိရသည်။


ရွှေစက်တော် ဘုရားပွဲရာသီမှာ တပို့တွဲလဆန်း ၅ ရက်နေ့မှ နှစ်ဆန်း ၁ ရက်နေ့အထိ သုံးလတိုင် ကျင်းပလေ့ရှိပြီး ယခင်တပ်ဆင်ထား‌သော ဓာတ်လှေကားသည် နှစ်ကျိပ်ရှစ်ဆူ ရင်ပြင်မှ ကိုးခန်းကြီး‌တန်ဆောင်း အထိသာ ရောက်ရှိသည့်အတွက် အထက်စက်တော်ရာ ဖူးမြော်ရန် လှေကားထစ် ၈၄ ထစ် တက်ရပေသည်။ ထို့ကြောင့် ရွေ့လျားစက်လှေကား တပ်ဆင်လိုက်ပါက ကိုးခန်းကြီး နောက်ကျောမှ မဟာဗောဓိပင် ခြေရင်းသို့ရောက်ရှိပြီး အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာ ခရီးသွားပြည်သူများ အထက်စက်တော်ရာ ပါဒစေတီတော်အား အလွယ်တကူ ဖူးမြော်နိုင်မှာ ဖြစ်ပေတော့သည်။


သတင်း - ဇေယျာထက်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)