(၂၃) ကြိမ်မြောက် ပြည်နယ်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး(၃/၂၀၂၂) ညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၂၃) ကြိမ်မြောက် ပြည်နယ်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး(၃/၂၀၂၂) ညှိနှိုင်းအစည်းအဝေးကျင်းပ






MNP ၊ စက်တင်ဘာ ၃

၂၀၂၂ ခုနှစ်၊ (၂၃) ကြိမ်မြောက် ပြည်နယ်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် (၃/၂၀၂၂) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက ပြည်နယ်အဆင့် ပြိုင်ပွဲတွင် ဆောင်ရွက်မည့် အစီအမံများကို ပါဝင်ယှဉ်ပြိုင်မည့် ဘာသာရပ်အလိုက် ရွေးချယ်ထားမှု၊ လုပ်ငန်းကော်မတီအလိုက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ယခုအစည်း အဝေးမှာ တင်ပြပေးကြစေလိုကြောင်း၊ လုပ်ငန်းကော်မတီများအနေဖြင့် ပြိုင်ပွဲကျင်းပရာတွင် သက်ဆိုင်ရာကဏ္ဍအလိုက် ကုန်ကျမည့် ခန့်မှန်းငွေများကို ဘဏ္ဍာရေးဆပ်ကော်မတီသို့ တင်ပြပြီး ဘဏ္ဍာရေးကော်မတီမှ စိစစ်ချက်ဖြင့် ထုတ်ယူကြရန်မှာကြားလိုကြောင်း၊ ခရိုင်များတွင်လည်း ခရိုင် အလိုက် လေ့ကျင့်သင်ကြားမှုများ ပြုလုပ်နေသည်ကို ကြားသိရပါကြောင်း၊ ခရိုင်အလိုက် ပြိုင်ပွဲဝင် များ၏စာရင်းကို ကျန်ရှိမှုမရှိစေဘဲ သက်ဆိုင်ရာခရိုက်အလိုက် မြန်မြန်ဆန်ဆန်ပြုစုပေးပို့စေလို ကြောင်း၊ ပြိုင်ပွဲအောင်အောင်မြင်မြင် ကျင်းပနိုင်ရန်အတွက် လုပ်ငန်းကော်မတီအသီးသီးကလည်း မိမိတို့၏ လုပ်ငန်းတာဝန်များကို လစ်ဟာမှုမရှိအောင် တစိုက်မတ်မတ်ထမ်းဆောင်ပေးကြ စေလို ကြောင်း၊ ခရိုင်များမှ ရွက်ပုန်းသီးပညာရှင်များကို တတ်နိုင်သလောက် ရွေးထုတ်ပေးကြရန်၊ ခရိုင် အဆင့်အောင်မြင်စွာ ကျင်းပဆောင်ရွက်နိုင်မှ ပြည်နယ်အဆင့်တွင် အဆင်ပြေနိုင်ပြီး ဗဟိုအဆင့်မှာ လည်း အောင်မြင်မှုများရရှိနိုင်မည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်များအား တည်းခိုနေရာချထားရေးနှင့် ပြိုင်ပွဲ ကျင်းပချိန်တွင် ကိုဗစ်-၁၉ စည်းကမ်းချက်နှင့်အညီ ပြင်ဆင်ထားနိုင်အောင် ကြိုတင်စီမံထားရှိရန် လိုအပ်ပါကြောင်း၊  မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ပြည်နယ်အဆင့် ပြိုင်ပွဲကျင်းပ ပြီးသည်နှင့် ဗဟိုအဆင့်ပြိုင်ပွဲကြီးကို သွားရောက်ယှဉ်ပြိုင်ရမည် ဖြစ်သည့်အတွက် အရည်အချင်း ပြည့်ဝသော ပြိုင်ပွဲဝင်များရရှိရေး၊ ပြိုင်ပွဲဝင်အကောင်းဆုံးများကို ရွေးချယ်ပြီး ပြည်နယ်အဆင့်မှသည် နိုင်ငံတော်အဆင့်တွင် အောင်မြင်မှုရရှိစေရေးအတွက် စုစည်းညှိနှိုင်းဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။


ထို့နောက် ပြည်နယ်အဆင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပ ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအောင်မျိုးက နေပြည်တော်၌ကျင်းပသည့် ဗဟိုကော်မတီအစည်းအဝေးတက်ရောက်ခဲ့မှုများအား ရှင်းလင်းပြောကြာကြားပြီး ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ၊ တွဲဖက်အတွင်းရေးမှူး၊ ရှေးဟောင်းသုတေသနနှင့် အမျိုသားပြတိုက် ဦးစီးဌာန၊ (စစ်တွေဌာနခွဲ) ပြည်နယ်ဦးစီးမှူး ဒေါ်အေးနီလာက (၂/၂၀၂၂) လုပ်ငန်းညှိနှိုင်း အစည်းအဝေး ဆုံးဖြတ် ချက်များနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ တက်ရောက်လာကြသည့် ပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူးများက ကော်မတီအ လိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ဆွေးနွေးတင်ပြ ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက မိမိတို့ခရိုင်အလိုက် ပြည်နယ်အဆင့်ပြိုင်ပွဲတွင် ဝင် ရောက်ယှဉ်ပြိုင်မည့်အခြေအနေများနှင့် လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌများဖြစ်သည့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖြည့်စွက်ရှင်းလင်းတင်ပြကြသည်။ ယင်းနောက် တက်ရောက်လာကြသည့် ပြည်နယ်အဆင့် ပညာရှင်များနှင့် တက်ရောက်လာကြသူများက ယခင်နှစ် များ၏ပြိုင်ပွဲအတွေ့အကြုံများနှင့် ယခုနှစ်လုပ်ဆောင်သင့်သည်များအားအကြံပြု ဆွေးနွေးတင်ပြကြ ပြီး ပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်လူမှုရေးရာဝန်ကြီးက ပြန်လည်သုံးသပ်ဆွေး နွေးတင်ပြသည်။ 

ဆွေးနွေးတင်ပြချက်များအပေါ် ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က ပြန် လည်ဆွေးနွေးပေးကာ နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။ 


တင်ထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)