ငါးသိုင်းချောင်းမြို့၌ ပြည်သူများအား အခြေခံစားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငါးသိုင်းချောင်းမြို့၌ ပြည်သူများအား အခြေခံစားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

 


MNP - စက်တင်ဘာ  ၆


ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ မြို့သစ်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်၍ မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးနှင့် အဖွဲ့တို့က ရပ်ကွက်နေ ပြည်သူများအား ဆန်၊ ဆီ၊ ဆား၊ ကြက်ဥနှင့် ဟင်းသီး ဟင်းရွက်မျိုးစုံတို့ကို ဈေးနှုန်းသက်သာစွာဖြင့် ယနေ့ နံနက်ပိုင်းက ရောင်းချပေးခဲ့ကြောင်း သိရသည်။


ပြည်သူလူထုအား စားသောက်စရိတ်သက်သာစေရန်အတွက် ဆန် ၁ ပြည်လျှင် ငွေကျပ် ၁၅၀၀ နှုန်း၊ ဆီ ၁၀ ကျပ်သားလျှင် ငွေကျပ် ၅၀၀ နှုန်း၊ ဆား ၅၀ ကျပ်သားလျှင် ငွေကျပ် ၁၀၀ နှုန်း၊ ကြက်ဥ ၁ လုံးလျှင် ငွေကျပ် ၁၀၀ နှုန်းနှင့် ဟင်းသီးဟင်းရွက်မျိုးစုံတို့ကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ရာ ဒေသခံပြည်သူများက ဝမ်းမြောက်စွာဖြင့် လာရောက်ဝယ်ယူခဲ့ကြသည်။


ပြည်သူလူထုအား ဈေးနှုန်းသက်သာစွာဖြင့် စားသောက်ကုန်ပစ္စည်းများ ရောင်းချပေးနေမှုကို ရေကြည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူး အောင်ကိုကို၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး မျိုးမြင့်အောင်နှင့် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှု၍ ပြည်သူများ အား ရင်းရင်းနှီးနှီးအားပေးစကား ပြောကြားခဲ့ပြီး အိမ်ထောင်စု(၃၀၀)အား ဆန်(၁၅)အိတ်၊ စားဆီ(၂၀)ပိသာ၊ ဆား(၅၀)ပိသာ၊ ကြက်ဥ (၃၀၀)လုံးနှင့် ဟင်းသီးဟင်းရွက်မျိုးစုံတို့ကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)