မွန်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုနှင့် မွန်ပြည်နယ်တပ်နယ်၏ ပူးပေါင်းမှုတို့ဖြင့် ဒေသခံပြည်သူများ စားသောက်ရေး အထောက်အကူဖြစ်စေရန် အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းဖြင့် ရောင်းချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုနှင့် မွန်ပြည်နယ်တပ်နယ်၏ ပူးပေါင်းမှုတို့ဖြင့် ဒေသခံပြည်သူများ စားသောက်ရေး အထောက်အကူဖြစ်စေရန် အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းဖြင့် ရောင်းချ

 



MNP - စက်တင်ဘာ   ၁၀


မွန်ပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်လမ်းညွှန်မှု၊ မော်လမြိုင်တပ်နယ်၏ ပူးပေါင်းမှုတို့ဖြင့် ဒေသခံပြည်သူများ စားသောက်ရေးအထောက်အကူဖြစ်စေရန် ရည်ရွယ်၍ သက်သာသောဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန်များနှင့် ဟင်းသီးဟင်းရွက်များကို ယနေ့နံနက် (၈)နာရီခွဲ အချိန်ခန့်က မော်လမြိုင် မြို့နယ်၊ သူနာပြုသင်တန်းကျောင်းရှေ့တွင် ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။


ထိုသို့ အခြေခံစားသောက်ကုန်များ ရောင်းချပေးရာတွင် ဆန်တစ်ပြည်လျှင် ငွေကျပ် ၁၅၀၀/-၊ ကြက်ဥတစ်လုံးလျှင် ငွေကျပ် ၁၇၀/-နှုန်း၊ ဆီတစ်ပိဿာလျှင် ငွေကျပ် ၅၂၀၀/- နှုန်းဖြင့် ဆန်(၁၀၀) အိတ်၊ ဆီ(၁၂၀၀)ပိဿာ အခြေခံစားသောက်ကုန်(၁၄)မျိုးနှင့် ဟင်းသီးဟင်း ရွက်များအား သက်သာသော ဈေးနှုန်းဖြင့် ဆန်ကုန်သည်၊ ဆီကုန်သည်များအသင်းနှင့် မော်လမြိုင်တပ်နယ်မှ နယ်မြေခံတပ်ရင်းတပ်ဖွဲ့ဝင်များက ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။


သတင်း - ခင်စန်းမြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)