ကျိုက်ထိုမြို့နယ်တွင် အခမ်းအနားမှူးသင်တန်း (၁/၂၀၂၂)သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ်တွင် အခမ်းအနားမှူးသင်တန်း (၁/၂၀၂၂)သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ




MNP ၊ စက်တင်ဘာ ၂၀

မွန်ပြည်နယ်  ကျိုက်ထိုမြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဌာနဆိုင်ရာဝန်ထမ်းများလုပ်ငန်းခွင် အတွင်း အထောက်အကူပြုသင်တန်း ဖြစ်သည့် အခမ်းအနားမှူးသင်တန်း (၁/၂၀၂၂) သင်တန်းဆင်းပွဲကို စက်တင်ဘာ ၂၀ ရက် မွန်းလွဲ (၃)နာရီတွင်ကျိုက်ထိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။


သင်တန်းဆင်းပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးမျိုးမင်းစိုး(မြို့နယ် အုပ်ချုပ်ရေးမှူး)က အမှာစကားပြောကြားပြီး သင်တန်း နည်းပြ ဆရာဦးတင်ထွေးက သင်တန်း၏အောင်မြင်မှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးမှဝန်ထမ်းများ ၊မြို့နယ် စိုက်ပျိုး ရေးဦးစီးဌာန ဝန်ထမ်းများစုစုပေါင်း(၁၈)ဦးတက်ရောက်ခဲ့‌ပြီး သင်တန်းကာလမှာ (၃)ရက် ကြာသင်ကြားပို့ချခဲ့‌ကြောင်းသိရသည်။


ဝင်းမောင်(ကျိုက်ထို)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)