ပွင့်ဖြူမြို့နယ်၌ ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီတွင် ချည်မျှင်ဝါသီးနှံဧက ၂၄၄၉ ဧက လျာထား စိုက်ပျိုးဆောင်ရွက်သွားမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ်၌ ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီတွင် ချည်မျှင်ဝါသီးနှံဧက ၂၄၄၉ ဧက လျာထား စိုက်ပျိုးဆောင်ရွက်သွားမည်



MNP - စက်တင်ဘာ   ၃


မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးရာသီတွင် ချည်မျှင်ရှည် ဝါသီးနှံဧက ၂၄၄၉ ဧက လျာထားစိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရကာ ဒေသခံတောင်သူများ သီးနှံအထွက်နှုန်းကောင်းမွန်ရေးနှင့် စိုက်နည်းစနစ် မှန်ကန်စေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ခံကွင်းဝန်ထမ်းများက နယ်မြေကွင်းဆင်းပြီး စိုက်ပျိုးရေး နည်းပညာ များကို ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများက မဲဇလီရေလွှဲဆည်ရေကို အမှီပြုပြီး ချည်မျှင်ရှည်ဝါသီးနှံ စိုက်ပျိုးခြင်းကို ဇွန်လအတွင်း ရွာသွန်းခဲ့သည့် မိုးဦးမိုးဖြင့် စတင်စိုက်ပျိုးခဲ့ကြောင်း၊ ထိုသို့ စိုက်ပျိုးရာ၌ ဒေသခံတောင်သူ တစ်ဦးချင်းအလိုက် တစ်ဧက သီးနှံအထွက်နှုန်းတိုးတက်ကောင်းမွန်စေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ချည်မျှင်ရှည်ဝသီးနှံ စိုက်ပျိုးသည့် တောင်သူများကို မျိုးကောင်း မျိုးသန့် စိုက်ပျိုးနိုင်ရေး ဖြန့်ဖြူးဆောင်ရွက်ပေးသည့်အပြင် စိုက်ပျိုးရေးနည်းပညာနှင့် သွင်းအားစု ပစ္စည်းများ အချိုးကျမှန်ကန်စွာ အသုံးပြုတတ်စေရေး ပံ့ပိုးကူညီပေးခြင်း၊ တောင်သူများကိုယ်တိုင် ချည်မျှင်ရှည်ဝါသီးနှံ မျိုးကောင်းမျိုးသန့်များ တစ်နှစ်ထက်တစ်နှစ် တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေး မျိုးစေ့ထုတ်နည်းစနစ်များကို အသိပညာပေးခြင်းများကို နယ်မြေအလိုက် တာဝန်ခံကွင်းဝန်ထမ်းများက စိုက်ပျိုးလယ်မြေများသို့ ကွင်းဆင်းပြီး တောင်သူအသိပညာပေးလုပ်ငန်းများကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


အဆိုပါ ချည်မျှင်ရှည်ဝါသီးနှံ စိုက်ပျိုးခြင်းကို ပွင့်ဖြူမြို့နယ် ကန်ပြည့်ကျေးရွာ၊ မဒဲကျေးရွာ၊ ကျောင်းကုန်းကြီးကျေးရွာ၊ ကျွဲတိကျေးရွာ၊ ကုလားဟောင်းကျေးရွာနှင့် ရေပုတ်ကလေးကျေးရွာတို့တွင် ဒေသခံတောင်သူများက အားထားစိုက်ပျိုးလုပ်ကိုင်ကြကြောင်းသိရပြီး တစ်မြို့နယ်လုံး ချည်မျှင်ရှည်ဝါ သီးနှံ စိုက်ပျိုးဧကအနေဖြင့် ၂၄၄၉ ဧက လျာထား စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကာ ဩဂုတ်လ ကုန်အထိ ချည်မျှင်ရှည်ဝါသီးနှံဧက ၇၂၀ ဧက စိုက်ပျိုးပြီးစီးသွားပြီ ဖြစ်ကြောင်းနှင့် သတ်မှတ်လျာထား ဧကပြည့်မီရေးအတွက် ဒေသခံတောင်သူများက ဆက်လက်စိုက်ပျိုးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန တာဝန်ခံမြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေထံက သိရသည်။ 


သတင်း - လှိုင်ဝင်းလေး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)