ပုလောမြို့နယ်တွင် အသက်(၁၂)နှစ်မှ (၁၈)နှစ်အကြာ းကျောင်းသူ/သားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုလောမြို့နယ်တွင် အသက်(၁၂)နှစ်မှ (၁၈)နှစ်အကြာ းကျောင်းသူ/သားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ



MNP - စက်တင်ဘာ  ၂၂


တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ်၌ အသက်(၁၂)နှစ်မှ(၁၈)နှစ်အကြားရှိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (ပထမ)အကြိမ် ထိုးနှံပြီး ကျောင်းသူ/သားများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (ဒုတိယ) အကြိမ်ဖြင့် ယမန်နေ့နေ့လယ် ၁ နာရီက အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်း၌  ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။


အဆိုပါကျောင်းတွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသူ/သားများ   အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသူ   ၃၀၀   ဦးကို   ဒုတိယအကြိမ် ထိုးနှံပေးခြင်းဖြစ်ကြောင်းနှင့် အဆိုပါကျောင်းတွင် ကျောင်းသား/သူ   ၅၀၉   ဦးကို  ကိုဗစ်-၁၉ ရောဂါကာကွယ် ထိုးနှံပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။


ပုလောမြို့နယ် ပြည်သူ့ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကျောင်းသား/သူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးနှံမီ အပူချိန်တိုင်းတာပေး၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ဆေးထိုးပြီးပါက နောက်ဆက်တွဲ ဆိုးကျိုးများရှိ/မရှိသိရှိနိုင်ရန် မိနစ်(၃၀)အကြာ စောင့်ကြည့်၍ စနစ်တကျဆောင်ရွက်ပေးကြောင်း သိရှိရသည်။


သတင်း - အေးအေးမော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)