မော်လမြိုင်ကျွန်းမြို့တွင် ဈေးရောင်းသူ/ဝယ်သူများအား အပတ်စဉ်တနင်္ဂနွေနေ့တိုင်း ပလပ်စတစ်အိတ်မသုံးစွဲရနေ့ သတ်မှတ်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်လမြိုင်ကျွန်းမြို့တွင် ဈေးရောင်းသူ/ဝယ်သူများအား အပတ်စဉ်တနင်္ဂနွေနေ့တိုင်း ပလပ်စတစ်အိတ်မသုံးစွဲရနေ့ သတ်မှတ်ဆောင်ရွက်




MNP ၊ စက်တင်ဘာ ၅

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်စည်ပင်သာယာရေးကော်မတီမှ မြို့နယ်အတွင်းရှိဈေးများကိုအပတ်စဉ် တနင်္ဂ နွေနေ့တိုင်း "ပလပ်စတစ်အိတ်" မသုံးစွဲရနေ့အဖြစ် သတ်မှတ်၍ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့များနှင့်ပူးပေါင်းကာ ယနေ့စတင်ဘာ(၄)ရက် နံနက် (၇)နာရီ အချိန်က မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များနှင့်ပူးပေါင်းကာပြုလုပ်ဆောင်ရွက်ကြသည်။


ယင်းသို့ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင်ဈေးများဖြစ်သော မြို့မဈေး၊ ဆိပ်ကမ်းသာဈေး၊ အောင်သာယာဈေး၊ ဗိုလ်ချုပ်ဈေးနှင့် ၎င်းဈေးများတွင် ဈေး၏ အတွင်း အပြင်ဈေးရောင်း၊ဈေးဝယ်ပြည်သူများအနေဖြင့် အရောင်းအဝယ် ပြုလုပ်လျက်ရှိသော အသား၊ ငါး၊ ပုဇွန်များနှင့် ဟင်းသီး၊ ဟင်းရွက်များ၊ အသုံးဆောင်ပစ္စည်းများကိုပလပ်စတစ်အိတ်များဖြင့် ထည့်သို ထုတ်ပိုးရောင်းချလျက်ရှိသောကြောင့် ထို့ ပလတ်စတစ်အိပ်များ အစား ကြာဖက်၊ အင်ဖက်၊ ငှက်ပျောရွက်၊ စက္ကူများ၊ ချိုင့်အမျိုးမျိုးနှင့် ဆွဲခြင်းအမျိုးမျိုးတို့ဖြင့် အစားထိုးသုံးစွဲကြရန် ကွင်းဆင်း၍ အသိ ပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။


အဆိုပါ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မူဖြင့်မြို့ နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် ဦးစီးမှူးဦးမင်းဇော်လတ်နှင့်တာဝန်ရှိသူ များသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များနှင့်ပူးပေါင်းကာ ဒုတိယညွန့်ကြားရေးမှူးမြို့နယ်အမူဆောင်အရာရှိဦးမင်းဇော် က ဈေးရောင်း ဈေးဝယ် ပြည်သူများကိုတစ်ပတ်လျှင် တနဂ်နွေနေ့ တစ်ရက်သာ ပလတ်စတစ်အိပ်များအသုံးမပြုရန်နှင့်အခြားသော အစားထိုးပစ္စည်းများကို အသုံးပြုပေးကြရန် သိပညာပေးရှင်းလင်း ဆွေးနွေးကာ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)