နောင်မွန်းမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လမ်းရေကျော်ပြီး လူနေအိမ်အချို့ ရေဝင်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နောင်မွန်းမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လမ်းရေကျော်ပြီး လူနေအိမ်အချို့ ရေဝင်ရောက်

 


MNP - စက်တင်ဘာ   ၅


ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်းမြို့နယ်တွင် မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် စက်တင်ဘာလ ၃ ရက်၊ နံနက်ပိုင်းက မြို့အဝင်လမ်းပေါ်ရေကျော်ခဲ့ပြီး အမှတ်(၂)ရပ်ကွက်၊ မြေနိမ့်ပိုင်းရှိ လူနေအချို့သို့ ရေဝင်ရောက်မှုများ ဖြစ်ခဲ့ကြောင်း သိရသည်။


နောင်မွန်းမြို့နယ်၌ စက်တင်ဘာလ (၂)ရက် ညနေ ၅ နာရီခန့်မှစတင်ပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာ စက်တင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းတွင် ကဆန်ချောင်း ကွန်ကရစ်မြေထိန်းနံရံ အထက်(၂)ပေခန့်ရေကျော်ခဲ့ကာ မြေနိမ့်ပိုင်းဖြစ်သည့် မြို့အဝင်ကတ္တရာလမ်းတစ်လျှောက် (၂)မိုင်ခန့်ရေကျော်ခြင်း၊ အမှတ်(၂) ရပ်ကွက်ရှိ လူနေအိမ် (၉)အိမ်အတွင်းသို့ ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့သည်။ ထို့သို့ရေဝင်ရောက်ခဲ့သည့် လူနေအိမ်များသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့် မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် ပြည်သူများပူပေါင်းကာ ကယ်ဆယ်ရေးလုပ်ငန်းများ၊ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်‌ပေးလျက်ရှိကြောင်း သိရသည်။


အဆိုပါ‌ရေဝင်ရောက်သည့် နေရာများသည်‌ မြေနိမ့်ပိုင်းဖြစ်ခြင်းကြောင့် နှစ်စဉ်မိုးတွင်းကာလတွင် ရေ‌ဝင်ရောက်လေ့ရှိပြီး ယနေ့ဖြစ်စဉ်တွင် လူနှင့်တိရစ္ဆာန်များ ထိခိုက်သေဆုံးမှုမရှိ‌ကြောင်းနှင့် လက်ရှိအချိန်တွင် ပူတာအို-မချမ်း‌ဘော့-ဖရူခ-နောင်မွန် ကားလမ်းပေါ်တွင် (၂)မိုင်ခန့် ရေကျော်လျက်ရှိကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)