မိုင်းခုတ်မြို့၌ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား အိမ်တိုင်ရာရောက် လူမှုရေး ပင်စင်ထောက်ပံ့ငွေများ ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းခုတ်မြို့၌ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား အိမ်တိုင်ရာရောက် လူမှုရေး ပင်စင်ထောက်ပံ့ငွေများ ပေးအပ်



MNP - စက်တင်ဘာ   ၂၆


နိုင်ငံတော်မှ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်အဖြစ် ထောက်ပံ့ငွေများပေးအပ်လျက်ရှိရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်ရှိ  မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် ယနေ့နံနက်ပိုင်းမှ စတင်ကာ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ် လျက်ရှိကြောင်း သိရသည်။


လူမှုရေးပင်စင်အဖြစ် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှ တစ်လလျှင် တစ်သောင်းကျပ်နှုန်းဖြင့် သုံးလတစ်ကြိမ်ထောက်ပံ့ပေးလျက်ရှိပြီး ယခုထောက်ပံ့ပေးသည့် ဘိုးဘွား တစ်ဉီးလျှင် သုံးသောင်းကျပ်ကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဒုတိယသုံးလပတ်(ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ) အတွက် ပေးအပ်ခြင်းဖြစ်ပြီး မိုင်းခုတ်မြို့တွင် အသက်(၈၅)နှစ်အထက် သက်ကြီး ဘိုးဘွား(၁၃)ဉီးရှိရာ တစ်ဉီးလျှင် သုံးသောင်းကျပ်နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ်(၃၉၀၀၀၀)ကို ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ ထောက်ပံ့ငွေများကို မြို့ပေါ်ရပ်ကွက်များ၌ မြို့အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အိမ်တိုင်ရာရောက်လိုက်လံ ထောက်ပံ့ပေးအပ်ခဲ့ပြီး ခရီးဝေးကွာသည့် ကျေးရွာအုပ်စုများရှိ သက်ကြီးဘိုးဘွားများအား ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေး စာရေးဝန်ထမ်းများမှတဆင့် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ယဉ်ယဉ်ဝင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)