လွိုင်လင်မြို့၌ ဆီလုပ်ငန်းရှင်များအသင်းမှ ဆီ(၁)ပိသာ ၅၃၀၀ ကျပ်ဖြင့်ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လွိုင်လင်မြို့၌ ဆီလုပ်ငန်းရှင်များအသင်းမှ ဆီ(၁)ပိသာ ၅၃၀၀ ကျပ်ဖြင့်ရောင်းချပေး

 



MNP - စက်တင်ဘာ   ၂၃


ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၌ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း က စားသုံးသူလက်ဝယ်အရောက် တိုက်ရိုက်လက်လီလက်ကားစနစ်ဖြင့် ဆီ (၁) ပိသာ လျှင် ၅၃၀၀ ကျပ်နှုန်းဖြင့် ယနေ့ နံနက်(၁၀)နာရီက မြို့မဈေးကြီး အနောက်ဘက်တွင် ရောင်းချလျက်ရှိကြောင်း သိရသည်။


ထိုသို့ရောင်းချရာတွင် စားသုံးသူပြည်များမှာ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရန် လက်လီ လက်ကားလာရောက်ရောင်းချပေးခြင်းဖြစ်ကြောင်း၊ စားသုံးသူ မိဘပြည်သူများ ပြေလည်စေရန်ရည်ရွယ်၍ စက်တင်ဘာလ ၄ ရက်နေ့က တစ်ကြိမ်၊ စက်တင်ဘာလ ၁၈ ရက်နေ့က တစ်ကြိမ်နှင့် ယနေ့ စက်တင်ဘာလ ၂၃ ရက်နေ့တွင်တစ်ကြိမ် ၊စက်ဘာလအတွင်း စုစုပေါင်းသုံးကြိမ်ရှိပြီဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။


သတင်း - လွိုင်လင်မိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)