ကျောင်းကုန်းမြို့၌ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောင်းကုန်းမြို့၌ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲကျင်းပ



MNP - စက်တင်ဘာ   ၆


ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမ၌ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က ကျင်းပခဲ့သည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက ကျောင်းတက် ကျောင်းဆင်းမှာ စက်ဘီးကို ရင်ဘောင်တန်းမစီးကြဖို့လိုပါတယ်၊ ဆိုင်ကယ်ကို အသက်မပြည့်ပဲ မစီးကြဖို့၊ ဆိုင်ကယ်စီးလျှင် ဆိုင်ကယ်စီး ဦးထုပ်ဆောင်းကြဖို့လိုတယ်၊ မလိုအပ်ပဲအသက်တွေ မဆုံးရှုံးစေကြဖို့ စည်းကမ်းလိုက်နာပေးကြဖို့ ပြောကြားခဲ့ပြီး၊ အဖွဲ့ဝင်(၂) ဦးတင်မောင်က ကျောင်းဆင်းချိန်မှာ လမ်းဖြတ်ကူးတာကအစ လမ်းစည်းကမ်းကို လိုက်နာကြရမှာဖြစ်ကြောင်း "စည်း"ဆိုတာ ကျော်လို့မရအောင် တားဆီးထားတာပါ၊ "ကမ်း"ဆိုတာ မြစ်ကမ်းပါးတစ်ခုဖြစ်တဲ့အတွက် အန္တရာယ်ရှိပါတယ်၊"စည်းအတွင်းမှာနေ ကင်းကွာလိမ့်ရန်ဘေး၊ စည်းကိုကျော် ချော်ကာကျ များလှရန်ဘေး" ဆိုတဲ့စာဆိုနှင့်အညီ စည်းကမ်းလိုက်နာကြဖို့ တိုက်တွန်းပြောကြားခဲ့သည်။


ထို့နောက် အတွင်းရေးမှူး ယာယီရဲမှူးအောင်နိုင်ဦးက ကျောင်းကုန်းမြို့နယ်အတွင်း ယာဉ်စည်းကမ်း/ လမ်းစည်းကမ်းဆိုင်ရာ အရေးယူဆောင်ရွက်ထားမှုနှင့် ဖြစ်စဉ်ဖြစ်ပွားမှု အခြေအနေများအား သုံးသပ်ဟောပြောခဲ့သည်။ ယာဉ်တိုက်မှုပေါင်း (၂၆)ခုတွင် သေဆုံးသူ ကျား (၁၄)၊ မ(၅)(၁၉)ဦးရှိပြီဖြစ်ကြောင်း၊ ဆိုင်ကယ်စီး ဦးထုပ်မဆောင်းလို့ သေဆုံးတာများကြောင်း‌ ပြောကြားခဲ့ပြီး၊ အ.ထ.က(၁)ကျောင်းအုပ်ဆရာကြီး ဦးဆန်းထွန်း က ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။


သတင်း - ဝင်းကြိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)