မိုင်းဖြတ်မြို့နယ်၌ ဌာနဆိုင်ရာများပူးပေါင်း၍ အသိပညာပေးဟောပြောပွဲများ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းဖြတ်မြို့နယ်၌ ဌာနဆိုင်ရာများပူးပေါင်း၍ အသိပညာပေးဟောပြောပွဲများ ကွင်းဆင်းဆောင်ရွက်

 



MNP - စက်တင်ဘာ   ၈


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင်  မြို့နယ်အဆင့် ဌာနဆိုင်ရာများပူးပေါင်းပြီး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀နာရီက အခြေခံပညာအလယ်တန်းကျောင်း(ပါဆန်း)၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီအောင်က ဌာနဆိုင်ရာများ ပူးပေါင်းပြီး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ရခြင်းနှင့်စပ်လျဉ်းပြီး အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး တင်အောင်က မူးယစ်ဆေးဝါးအန္တရာယ်နှင့် ဆိုးကျိုးများကိုလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးထွန်းရွှေက ဘဝတိုးတက်ရေးအတွက် ရည်မှန်းချက်များ ထားရှိနိုင်ရေးကိုလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး ညီဝင်းထွန်းက ကျောင်းသားနှင့် စည်းကမ်းဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း ရှင်းလင်းဟောပြောခဲ့သည်။


ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဦးအောင်ကျော်ညွှန့်က ပညာရေးဆိုင်ရာ လုပ်ငန်းများကိုလည်းကောင်း၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဇော်မျိုးဝင်း က အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနေမှုကိုလည်းကောင်း၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခိုင်စိုးဝင်းက မီးဘေးလုံခြုံရေးဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရှောလမွန်က စာပေအသိပညာနှင့် ကလေးသူငယ်အလုပ်သမား ပပျောက်ရေးဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရာဇာဝင်းထွန်းက သဘာဝဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာ များကိုလည်းကောင်း၊ ပါဆန်းကျေးလက်ကျန်းမာရေးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်နန်းနွံခမ်းက သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများကိုလည်းကောင်း အသီးသီးရှင်းလင်းဟောပြောခဲ့သည်။ ယင်းနောက် ကျောင်းသား၊ ကျောင်းသူများကို အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


သတင်း - သန်းထွန်းအေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)