မွန်ပြည်နယ်ဝန်ကြီးချုပ်ပြည်နယ်အဆင့် သဘာဝဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်ရေး သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်မှု ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ်ဝန်ကြီးချုပ်ပြည်နယ်အဆင့် သဘာဝဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်ရေး သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်မှု ကြည့်ရှုအားပေး





MNP ၊  စက်တင်ဘာ  ၃                                                  

ပေါင်မြို့နယ်၊ မုတ္တမကျေးရွာအနီး၊ သံလွင်မြစ်ကမ်းတွင် ယမန်နေ့ နံနက်ပိုင်းက ပြည်နယ်အဆင့် သဘာဝဘေးအန္တရာယ်တုံ့ပြန်ဆောင်ရွက်နိုင်ရေး သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်ရာ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကြက်ခြေနီနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့များ ကြည့်ရှုအားပေးသည်။


သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်ရာတွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်နိုင်ရေး သတိပေး နှိုးဆော်ခြင်း၊ ဘေးအန္တရာယ်ကျရောက်နိုင်သည့် ပြည်သူများနှင့် အရေးကြီးပစ္စည်းများ ၊ ကျွဲ ၊ နွား၊ တိရစ္ဆာန်များကို ဦးစားပေး အဆင့်အလိုက် ဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းခြင်း၊  မုန်တိုင်းအန္တရာယ် ကျရောက်သည့်အချိန်တွင် လုံခြုံစိတ်ချရသည့် နေရာသို့ ရွှေ့ပြောင်းထားသော ပြည်သူ့များကို နှစ်သိမ့်ခြင်း၊ မုန်တိုင်းဘေး တုံ့ပြန်ဆောင်ရွက်ရန် ယာယီကွပ်ကဲရေးမှူးရုံးခန်း ဖွင့်လှစ်ခြင်း၊ မုန်တိုင်းဖြတ်သန်းအပြီး မုန်တိုင်းကြောင့် အန္တရာယ်ကျရောက်သော ပြည်သူများကို ရှာဖွေကယ်ဆယ်ခြင်း၊ မုန်တိုင်းကြောင့် လှေမှောက်ခြင်း ၊ ကမ်းပြိုခြင်းဖြစ်ပေါ်ပါက မျှောပါနေသော ရေဘေးဒုက္ခသည်များကို ကယ်ဆယ်ခြင်း၊ လေဘေးကြောင့် အဆောက်အအုံတွင် ပိနေသော သစ်ပင်ကို ဖယ်ရှားခြင်း၊ အဆောက်အအုံအတွင်း ပိတ်မိနေသော ဘေးဒုက္ခရောက်သူများ ကယ်ထုတ်ခြင်း၊ မြေပြိုမှုကြောင့် နေအိမ်ပေါ်သို့ ပိနေသော မြေများ ရှင်းလင်းဖယ်ရှားခြင်း နှင့်  ရှာဖွေကယ်ထုတ်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုရေး အသင်း အဖွဲ့ဝင်များက  (Life Jacket , Rescue rope , Life Bauy , whesel , Search Light , Speed Boat ) စသည့် ကယ်ဆယ်ရေးပစ္စည်းများဖြင့် သဘာဝဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများ သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်သည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သဘာဝဘေးအန္တရာယ်သည် ကြိုတင်မှန်းဆ၍ မရနိုင်ဘဲ အချိန်အခါမရွေး ဖြစ်ပေါ်လာနိုင်သည့် အတွက် သက်ဆိုင်ရာဌာနများ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းများအနေဖြင့် ရှာဖွေကယ်ဆယ်ခြင်း၊ သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခြင်း၊ အသိပညာပေးခြင်း လုပ်ငန်းများကို အမြဲမပြတ် ကြိုတင်ပြင်ဆင် စီမံထားရန် လိုအပ်ကြောင်း၊ ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းစဉ်များကို အထူးအလေးထား ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဘေးအန္တရာယ်ဖြစ်ပွားပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း နှင့် အခြားလိုအပ်သည်များ ဝိုင်းဝန်းကူညီ ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။


မွန်မလေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)