မိုးညိုမြို့နယ်၊ ကြို့ပင်ဝိုင်းကျေးရွာတွင် ဒေသဖွံ့ဖြိုးရေးအသိပညာပေး ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးညိုမြို့နယ်၊ ကြို့ပင်ဝိုင်းကျေးရွာတွင် ဒေသဖွံ့ဖြိုးရေးအသိပညာပေး ကွင်းဆင်းဆောင်ရွက်

 


MNP - စက်တင်ဘာ   ၆


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်မြင့်မားရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများကကျေးရွာများသို့ ကွင်းဆင်း၍ ဒေသဖွံ့ဖြိုးရေးအသိပညာပေးဆွေးနွေးပွဲများ ပြုလုပ်လျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီက တက်ဆွဲကျေးရွာအုပ်စု၊ ကြို့ပင်ဝိုင်းကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အသိပညာပေး‌ဆွေးနွေးပွဲတွင် ကျေးရွာ‌အုပ်ချုပ်‌ရေးမှူးက မြို့နယ်မှတာဝန်ရှိသူများမှ မိမိတို့‌ကျေးရွာဖွံ့ဖြိုးရေးအတွက်လာရောက်၍ ဆွေးနွေးပွဲပြုလုပ်ခြင်းဖြစ်သည့်အတွက် တက်ရောက်လာသူများမှ သိရှိလိုသည်များကို မေးမြန်း‌ဆွေးနွေးနိုင်ကြောင်း‌ပြောကြားသည်။ ထို့နောက်စိုက်ပျိုးရေးဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ ကျန်းမာ‌ရေးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊‌ မွေးမြူရေးနှင့်ကုသ‌ရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနတို့မှ တာဝန်ရှိသူများက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာဌာနတစ်ခုခြင်းစီ၏ လုပ်ငန်းများဆောင်ရွက်နေမှုနင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး ဆွေးနွေးပွဲတက်ရောက်လာသူများက သိရှိလိုသည်တို့ကိုမေးမြန်းရာ ပြန်လည်ဖြေကြားဆွေးနွေးခဲ့သည်။


ထို့နောက် အပင်များကိုင်းကူး/ ကိုင်းစပ်ပြုလုပ်နည်းနှင့် မြေချဉ်/ငံတိုင်းတာခြင်းများကို စိုက်ပျိုးရေးဦးစီးဌာနမှ လက်တွေ့ပြသပြီး လယ်ယာသုံးစက်ကိရိယာများ ကြာရှည်စွာအသုံးပြုနိုင်‌ရေးအတွက် ထိန်းသိမ်းခြင်းလုပ်ငန်းကို စက်မှုလယ်ယာဦးစီးဌာနမှ လက်‌တွေ့ပြသဆောင်ရွက်ခဲ့ကြောင်းသိရသည်။


သတင်း - ကိုမင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)