နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတလူမှုကူညီရေးအသင်း ဆေးပဒေသာပင်အတွက်အလှူငွေကျပ် ငါးသိန်းလှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတလူမှုကူညီရေးအသင်း ဆေးပဒေသာပင်အတွက်အလှူငွေကျပ် ငါးသိန်းလှူဒါန်း



 MNP - စက်တင်ဘာ   ၂၇


ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတလူမှုကူ ညီရေးအသင်း အာယုဒါန(အခမဲ့)  ဆေးပေးခန်းဆေးပဒေသာပင် အတွက် အလှူငွေများကို ယမန်နေ့ နံနက်ပိုင်းက လှူဒါန်းခဲ့ကြောင်း သိရသည်။              


လှူဒါန်းရာတွင် နောင်ချိုမြို့နယ် ရွှေညောင်ပင်ကျေးရွာနေ ဦးစိုင်းဝင်းမောင်+ဒေါ်နန်းသိန်းဆွေ (ရွှေညောင်ပင်ဆန်စက်မိသားစု)မှ   အာယုဒါန(အခမဲ့) ဆေးပေးခန်းဆေးပဒေသာပင်အတွက် အလှူငွေကျပ် (၅) သိန်းကိုလှူဒါန်းခဲ့ရာ သဖန်းကိုင်းပရဟိတဆရာတော်မှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။


သဖန်းကိုင်းပရဟိတ     ဆရာတော်၏ ဦးဆောင်မှုဖြင့် ဖွင့်လှစ်ထားသော အာယုဒါန(အခမဲ့) ဆေးခန်း၌ လူမျိုးဘာသာမရွေး လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေး လျက်ရှိကြောင်း သဖန်းကိုင်းဆရာတော်ထံမှ သိရသည်။


သတင်း - ထွေးငယ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)