ပိုင်ကျုံမြို့၊ မြို့မသာသနာပြု ပရဟိတကျောင်း၌ စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပိုင်ကျုံမြို့၊ မြို့မသာသနာပြု ပရဟိတကျောင်း၌ စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ ကျင်းပ



MNP - စက်တင်ဘာ   ၉


ကရင်ပြည်နယ်၊ ဘားအံခရိုင်၊  ပိုင်ကျုံမြို့ မြို့မသာသနာပြု ပရဟိတကျောင်း၌ ပိုင်ကျုံနယ်‌ မြေရဲစခန်း၊စိုက်ပျိုးရေး၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့မှမှဝန်ထမ်းများ စုပေါင်း၍  ဗုဒ္ဓဘာသာတို့၏ ဝါတွင်း(၃)လ အတွင်း ကုသိုလ်တရားများရရှိရေးအတွက်  စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်းအနားကို  ယနေ့နံနက်ပိုင်းက ဆက်ကပ်ပူဇော်လှူဆောင် ရွက်ခဲ့သည်။


ရှေးဦးစွာ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲအခမ်းအနားတွင်တက်ရောက်လာသော ဆရာတော်/ သံဃာတော်များ၊ တရားနာပြည်သူများ‌က နာမောတဿ သုံးကြိမ်ရွတ်ဆိုခဲ့ပြီး ပိုင်ကျုံမြို့၊ မြို့မသာသနာပြု-ပရဟိကျောင်းဆရာတော်က ဝါဆိုသင်္ကန်းကပ်လှူရခြင်း၏ အကျိုး ကျေးဇူးများ၊ ဝါဆိုသင်္ကန်း ကပ်လှူရခြင်းနှင့်ပတ်သက်၍ မြတ်စွာဘုရားကဟောကြားတော်မှုခဲ့သော တရားများ၊ ဝါတွင်းကာလတွင် ဥပုဒ်သီလ ဆောက်တည်ပြီး တရားဘာဝနာများပွားများ အားထုတ်ခြင်းများကို ဟောကြားတော်မှုခဲ့သည်။


ထို့နောက် ဆရာတော်၊ သံဃာတော်များက ပုရိတ်တရားများရွတ်ဖတ်ပူဇော်ခြင်း၊ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ခြင်း၊ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် လှူဖွယ်ဝတ္ထု အစုစုတို့အတွက်ရေစက်ချ အမျှဝေပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


သတင်း - နော်ခူး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)