ကော့သောင်းမြို့နယ်အတွင်းရှိ အသက် (၈၅) နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကော့သောင်းမြို့နယ်အတွင်းရှိ အသက် (၈၅) နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်




MNP - စက်တင်ဘာ   ၂၁


ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ် တတိယ(၃)လပတ်အတွက် လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ကော့သောင်းမြို့ပေါ်ရပ်ကွက်များအတွင်း ကော့သောင်းခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။


အဆိုပါပေးအပ်မှုတွင် လူမှုဝန်ထမ်းဦးစီးဌာန ဘတ်ဂျက်ရန်ပုံငွေဖြင့် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်ခြင်းဖြစ်ပြီး ကော့သောင်း ခရိုင်၊ ကော့သောင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ခု၊ ဘဏ္ဍာရေးနှစ် တတိယ (၃) လပတ်အတွက် လူမှုရေးပင်စင် ထောက်ပံ့ကြေးခံစားလျက်ရှိသည့် သက်ကြီးဘိုးဘွား (၂၂၀) ဦးရှိရာ ဘိုးဘွား တစ်ဦးလျှင် (၃၀,၀၀၀/-) နှုန်းဖြင့် ထောက်ပံ့ငွေစုစုပေါင်း (၆,၆၀၀,၀၀၀/-) ကျပ်ခြောက်ဆယ် ခြောက်သိန်းတိတိကို ထောက်ပံ့ပေးအပ်သွားမည်ဖြစ်သည်။


ကော့သောင်းမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များမှ အသက်(၈၅)နှစ်အထက် သက်ကြီး ဘိုးဘွား (၁၂၀) ဦးအား ကော့သောင်းခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနဝန်ထမ်းများနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ပူးပေါင်းကာ စက်တင်ဘာလ (၁၇) ရက်နေ့ကတည်းက အိမ်တိုင်ယာရောက် စတင်လိုက်လံပေးအပ်လျက်ရှိကြောင်း၊ ခရီးကွာဝေးသည့် ကျေးရွာအုပ်စုများရှိ သက်ကြီးဘိုးဘွား (၁၀၀) ဦးအား ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးဝန်ထမ်းများမှတစ်ဆင့် ပေးအပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။


သတင်း - ကျော်စိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)