ကြံခင်းမြို့တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ သော လုပ်ငန်းများနှင့် ပတ်သက်ပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြံခင်းမြို့တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ သော လုပ်ငန်းများနှင့် ပတ်သက်ပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ



MNP - စက်တင်ဘာ   ၆


ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် စီမံကိန်းဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းတွင် တိုင်းဒေသကြီး ဘတ်ဂျတ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လုပ်ငန်း များနှင့် ပတ်သက်ပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီခွဲအချိန်က ကြံခင်းမြို့ဧရာဦးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်မှ ဌာနလုပ်ငန်းများနှင့် ပတ်သက်ပြီး မိမိလုပ်ငန်းတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် အခြေအနေများကို မြို့နယ်စီမံကိန်းဦးစီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ရေး အား ပြောကြားသည်။


 


ဆက်လက်ပြီး မြို့နယ်စီမံကိန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချိုမာဝင်းမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ဆောင်ရွက်ဆဲလုပ်ငန်း စီမံချက်များ၊ လုပ်ငန်း စီမံကိန်း သစ်များနှင့် ပတ်သက်ပြီး ဆောင်ရွက်ရမည့်အချက်များကို Power Point ဖြင့် ရှင်းလင်းသည်။


ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာမှ တာဝန်ရှိသူများက သိလိုသည့်အချက်များအား မေးမြန်းခြင်း နှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။ အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် အဖွဲ့ဝင်များ၊  မြို့နယ်စီမံကိန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချိုမာဝင်းနှင့် ဝန်ထမ်းများ၊  မြို့နယ်ဌာနဆိုင်ရာများ တက်ရောက်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)