ကျိုက်ထိုမြို့နယ်အတွင်းအခြေခံပညာ ကျောင်းများရှိကျောင်းသား‌ ကျောင်းသူများအား ကိုဗစ်ရောဂါကာကွယ်ဆေး (တတိယ)အကြိမ်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ်အတွင်းအခြေခံပညာ ကျောင်းများရှိကျောင်းသား‌ ကျောင်းသူများအား ကိုဗစ်ရောဂါကာကွယ်ဆေး (တတိယ)အကြိမ်ထိုးနှံပေး





MNP ၊ စက်တင်ဘာ ၅

ကျောင်းနေအရွယ်ကလေးတိုင်း အခြေခံ ပညာကို ကျန်းမာပျော်ရွှင်စွာ သင်ယူခွင့်ရရှိနိုင်ရေးအတွက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊မြို့နယ်ပညာရေးဌာနနှင့်မြို့နယ်ကျန်းမာရေးဦးစီးဌာန  တို့ပူးပေါင်း၍ စက်တင်ဘာ ၅ ရက် နံနက်၁၀ နာရီတွင်အခြေခံပညာကျောင်း ဆေးထိုးစုရပ်အသီးသီး၌ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး ကို (တတိယ)အကြိမ်အဖြစ်ထိုးနှံပေးခဲ့သည်။

အဆိုပါ(တတိယ)အကြိမ်ကာကွယ်ဆေးမှာ(Sinovac)ဖြစ်ပြီး ပထမအကြိမ်နှင့် ဒုတိယအကြိမ် ထိုးနှံ၍ (၆)လပြည့်သည့် ကျောင်း သားကျောင်းသူ(၄၂၃၆)ဦးအား မိဘအုပ်ထိန်းသူများ၏ သဘောတူခွင့်ပြုချက်ဖြင့် ကာကွယ်ဆေး ထိုးနှံပေးခြင်း ဖြစ်ကြောင်းသိရသည်။

 ကာကွယ်ဆေးထိုးနှံပေး ခြင်း ကိုမြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ၊ ဆရာမများနှင့် တာဝန်ရှိသူများက ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသည့်ကျောင်းသား/ ကျောင်းသူများအား လိုအပ်သည့်ကူညီမှုများဆောင် ရွက်ပေးခြင်း၊ စာရင်းမှတ်တမ်းရေးသွင်းခြင်း၊ စာရင်းကောက်ယူခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

          

ဝင်းမောင်(ကျိုက်ထို)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)