လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာနတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) စာဖတ်ဝိုင်းကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

demo-image

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာနတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) စာဖတ်ဝိုင်းကျင်းပ

 

35

MNP - စက်တင်ဘာ    ၂


ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ ပူးပေါင်း၍ စာရေးဆရာ မောင်သာမည ရေးသားထားသည့်  “ အောင်မြင်ခြင်းနှင့်ရှုံးနိမ့်ခြင်း ’’ စာအုပ်ဖြင့် ယနေ့နံနက် ၁၀ နာရီအချိန်က စာဖတ်ဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။


အဆိုပါ ဆွေးနွေးပွဲတွင် လိပ်သိုမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး စာဖတ်ဝါသနာရှင် ဖြူဖြူငြိမ်းက “ ခြားနားခြင်း အတတ်ပညာ ” ခေါင်းစဉ်အောက်မှ ကျွန်တော်တို့တွင် ရှိနေတတ်သည့် ကြောက်စိတ်၊ မုန်းတီးစိတ် တစ်ချို့သည်တကယ်တော့ ကျွန်တော်တို့ဘာသာ စိတ်ကူးဖန်တီးထားသည့် စိတ်များသာဖြစ်ကြောင်း၊ ပြန်ပြောင်းဆင်ခြင် ခြင်းအားဖြင့် ခြားနားရမည်ကိုကြောက်သည့် စိတ်သည် လျော့ပါးပျောက်ကွယ်သွားနိုင်ပါကြောင်း၊ ပုံစံအားဖြင့် တစ်စုံတစ်ခုနှင့် တွေ့ဆုံရမည်ကိုကြောက်သည့် စိတ်မျိုး၊ ကျွန်တော်တို့သည် တကယ်မရှိသောအန္တရာယ်တစ်ခုကို စိတ်နှင့်ဖန်ဆင်းပြီး ကြောက်နေတတ်ကြောင်း၊ ယင်းကြောက်စိတ်သည် ငယ်စဉ်ကလေးဘဝမှ အစပြုတတ်ပါကြောင်း စသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့သည်။


ထို့နောက် စာဖတ်ဝိုင်းဆွေးနွေးပွဲတက်ရောက်လာသူများက စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။


သတင်း - ခင်လေးနွယ် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages