လိပ်သိုမြို့၌ အသက် (၁၂) နှစ်မှ အသက် (၁၈) နှစ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထပ်ဆောင်း (Booster Does) ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လိပ်သိုမြို့၌ အသက် (၁၂) နှစ်မှ အသက် (၁၈) နှစ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထပ်ဆောင်း (Booster Does) ထိုးနှံပေး



MNP - စက်တင်ဘာ  ၁၃


ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းရှိ အသက် (၁၂)နှစ်နှင့် (၁၈) နှစ်အတွင်း ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထပ်ဆောင်း  (Booster Does) တတိယအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန် က အဆိုပါကျောင်း သဇင်ဆောင်ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။


ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးခြင်းကို မြို့ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်  အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏  ဦးဆောင်မှုဖြင့် အသက် (၁၂) နှစ်နှင့် အသက် (၁၈) နှစ် အတွင်း ကျောင်းသား/ကျောင်းသူ (၁၀၅) ဦး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီး လိပ်သိုမြို့ တိုက်နယ်ဆရာဝန် ဒေါက်တာဇေယျာဦး၊ ကျန်းမာရေး ဝန်ထမ်းများနှင့် ဆရာ၊ ဆရာမများက ကာကွယ်ဆေး လာရောက်ထိုးနှံကြသော ကျောင်းသား/ကျောင်းသူများကို စာရင်းရေး သွင်းခြင်း၊ အပူချိန် တိုင်းခြင်းတို့ကို   ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ  ကျောင်းသား /ကျောင်းသူများအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။


အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော်၊ ကျန်းမာရေးဝန်ထမ်းများ၊  ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများက လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ပေးခဲ့ပြီး Mask  များလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


သတင်း - ခင်လေးနွယ် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)