ရေတာရှည်မြို့နယ်အတွင်းရှိ အသက် ၁၂ နှစ်အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Dos ဆက်လက်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေတာရှည်မြို့နယ်အတွင်းရှိ အသက် ၁၂ နှစ်အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Dos ဆက်လက်ထိုးနှံပေး



MNP - စက်တင်ဘာ   ၆


ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်းရှိ ကျောင်းသားကျောင်းသူများ ပညာရေးကို ကျန်းမာပျော်ရွှင်စွာ သင်ကြားနိုင်ရန် ရည်ရွယ်၍ အသက် (၁၂) နှစ်အထက် ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster Dos ကို ယနေ့နံနက် (၉:၃၀)နာရီအချိန်ခန့်က စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။


အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီး ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိကြောင်း၊ ကာကွယ်ဆေးထိုးနှံပြီးသော ကျောင်းသား/သူများအား (၁၅)မိနစ်ခန့် သီးသန့်အခန်းတွင် ထားရှိစောင့်ကြည့်ပြီးမှ မိမိအခန်းသို့ ပြန်သွားစေကြောင်း သိရသည်။


ရေတာရှည်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Dos ထိုးနှံရန် အသက်(၁၂) နှစ်အထက် ကျောင်းသား၊ကျောင်းသူ (၁၁၁၀၂)ဦး လျာထားပြီးဆေးထိုးစုရပ်များအဖြစ် အ.ထ.က(ရေတာရှည်)၊ အ.ထ.က(ဆွာ)၊ အ.ထ.က(သာဂရ)၊ အ.ထ.က(မြို့လှ)၊ အ.ထ.က(ရေနီ)ကျောင်းများ၌ စီစဉ်ဆောင်ရွက်ထားရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)