ရေတာရှည်မြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Dos ဆက်လက်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေတာရှည်မြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Dos ဆက်လက်ထိုးနှံပေး



MNP - စက်တင်ဘာ   ၇


ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster Dos ကို အရှိန်အဟုန်မြှင့် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက် (၉:၀၀)နာရီအချိန်ခန့်က ရေတာရှည်မြို့ရှိ စည်ပင်သာယာဈေးတွင် ဈေးရောင်း၊ ဈေးဝယ်များအား ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။


အဆိုပါ ကာကွယ်ဆေးထိုးနှံရာသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးဥက္ကာသန်းနှင့် အဖွဲ့ဝင်များက  အားပေးကြည့်ရှုခဲ့ပြီး စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ကြက်ခြေနီအသင်းတို့က ကျန်းမာရေး ဝန်ထမ်းများနှင့်အတူ လိုအပ်သည်များ ကူညီအားဖြည့် ဆောင်ရွက်ခဲ့သည်။   


ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးအား ကာကွယ်ဆေးထိုးနှံပြီး (၆)လနှင့်အထက် ရှိသူများအား ဆေးထိုးနှံပြီးကြောင်း ထုတ်ပေးထားသည့် ဆေးထိုးလက်မှတ်များ ယူဆောင်လာစေ၍ အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်းများ ဆောင်ရွက်ပေးပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster Dos ထိုးနှံပေးလျက်ရှိကြောင်းနှင့် ရေတာရှည်မြို့ရှိ စည်ပင်သာယာဈေးအတွင်း ဈေးရောင်းဈေးဝယ် ပြည်သူများအား (၃)ရက်ဆက်တိုက် ဆက်လက်ထိုးနှံပေးမည်ဖြစ်ပြီး ရေတာရှည်မြို့နယ် ပြည်သူ့ဆေးရုံတွင်လည်း နေ့စဉ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)