MNP - စက်တင်ဘာ ၂
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအားလုံးကို ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကာကွယ်ဆေးထိုးကွင်း ဆင်းအဖွဲ့များက ဩဂုတ် ၁၅ရက်နေ့မှစ၍ မြို့နယ်အတွင်း ဇုံနယ်မြေအလိုက် ကျေးရွာများအရောက် ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး(Booster Dose)ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး(Booster Dose)ဆက်လက်ထိုးနှံပေးရာတွင် ယမန်နေ့ နံနက်၉နာရီမှစ၍ မြို့မဇုံ၊ ခြင်္သေ့လက်ဇုံနှင့် ဂျိုဇုံတို့မှ စုစုပေါင်း (၂၅၀၀)ဦး ထိုးနှံပေးခဲ့ရာ ဩဂုတ် ၁၅ ရက်နေ့မှ စက်တင်ဘာ ၁ ရက်နေ့အထိ ငါန်းဇွန်မြို့နယ်အတွင်း စုစု ပေါင်း(၁၁၂၁၄)ဦး ထိုးနှံပြီးကြောင်း မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်း ကော်မတီထံမှ သိရသည်။
သတင်း - သက်နောင်ဦး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment