မအီမြို့တွင် ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲနှင့် ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေး၊ ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster dose)ကွင်းဆင်းထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအီမြို့တွင် ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲနှင့် ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေး၊ ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster dose)ကွင်းဆင်းထိုးနှံ






MNP ၊ စက်တင်ဘာ   ၂၃

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့နယ်တွင် ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြောပွဲနှင့် အသက် ၅ နှစ်မှ ၉ နှစ်အရွယ် ကျောင်းသူ/ကျောင်းသားများအား ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေး၊ ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး(Booster dose)များ ထိုးနှံခြင်းကို မအီမြို့၊ ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး ဦးလှဝင်းနှင့် ဝန်ထမ်းများက ဂျီဖြူတောင်ကျေးရွာအုပ်စု၊ ကုန်ဘောင်ကျေးရွာ အလယ်တန်းကျောင်း(ခွဲ)တွင် ယနေ့ နံနက်ပိုင်းက ကွင်းဆင်းထိုးနှံ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


ရှေးဦးစွာ ကျောင်းကျန်းမာရေးအသိပညာပေး ဟောပြောပွဲကို ကျန်းမာရေးမှူး ဦးလှဝင်းက ဟောပြောရာတွင် ကျောင်းသား/ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားပေးနိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို သတ်မှတ်အကြိမ်ရေ ပြည့်မီအောင် ထိုးနှံကြရန်လိုအပ်ပါကြောင်း၊ ဂျပန်ဦးနှောက်ရောင်ရောဂါ၏ လက္ခဏာများ၊ သွေးလွန်တုတ်ကွေးရောဂါလက္ခဏာများနှင့် ရောဂါမဖြစ်ပွားစေရေးအတွက် ဆောင်ရန်/ရှောင်ရန် အချက်များနှင့် ကျောင်းသူ/ကျောင်းသားများအနေဖြင့် တစ်ကိုယ်ရေ သန့်ရှင်းမှုရှိရန် လိုအပ်ကြောင်းတို့ကို ဟောပြောခဲ့သည်။ ထို့နောက် ကျန်းမာရေးဝန်ထမ်းများက အသက် ၅ နှစ်မှ ၉ နှစ်အရွယ် ကျောင်းသူ/ကျောင်းသားများအား ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးနှင့် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster dose) ထိုးနှံရန် ကျန်ရှိနေသေးသည့် ကျောင်းသူ/ကျောင်းသားများအား ကာကွယ်ဆေးများ ထိုးနှံ ပေးခဲ့ကြသည်။


ဆက်လက်၍လည်း မအီမြို့နယ်အတွင်းရှိ ကျန်ရှိနေသေးသည့် အခြေခံပညာကျောင်းများရှိ ကျောင်သူ/ကျောင်းသားများအား ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးနှင့် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster dose)များကို အချိန်နှင့်တပြေးညီ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း အဆိုပါ ကျန်းမာရေးမှူးက သိရသည်။


မောင်မောင်ဌေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)